ဝက်လာ (Greater club rush)

ဝက်လာ (Greater club rush) မြက်
ဝက်လာ (Greater club rush) မြက်


နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ထောင်မတ်လျက် ပေါက်သည်။

တုတ်ခိုင်သန်မာသော သုံးထောင့်ပါ ပင်စည်သည် ၁.၅ – ၂.၅ မီတာထိ မြင့်သည်။

အပင်သည် ကြမ်း၍အမွေးကင်းမဲ့သည်။ ရှည်လျား သေးသွယ်သော မြေလျှောက်ပင်စည်ရှိသည်။

ပွင့်ကိုင်းရိုးတံသည်မြင့်၍ သန်မာသော ထောင့်၃ ခုပါရှိသည်။ အရွက်များသည် အပင်အရင်းဘက်တွင်ရှိပြီး ပင်စည်၏ တစ်ဝက်ခန့်အရှည်ရှိသည်။

 ပန်းခိုင်မှာ ထိပ်ထွက်ရင်းခြား ထိပ်ညီပန်းခိုင်ဖြစ်ပြီး ပြွတ်သိပ်စွာတည်ရှိသည်။ ထပ်ဆင့်ပန်းခိုင်သည် ရှည်၍ အညိုရောင်ရှိသည်။

အသီးမှာ ဘဲဥပုံရှိပြီး တစ်စေ့သီးဖြစ်သည်။

မြစ်ဥ၊ မြေလျှောက်ပင်စည်နှင့် အစေ့အားဖြင့် မျိုးပွားသည်။
လယ်စပါးခင်းများတွင် အဓိကတွေ့ရသည်။