မြက်ကလုံး၊တလိုင်းခေါင်းမြက် (Bulrush)

သိပ္ပံအမည် – Scirpus juncoides Roxb.
Common name – Bulrush
Family – Cyperaceae
တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။
မြေအောက်ပင်စည်မပါဘဲ အပင်စုလေးများ ဖြစ်နေသည်။ ပင်စည်သည် ထောင်မတ်ပြီး အပင်အမြင့်မှာ ၁၅ – ၇၀ စင်တီမီတာရှိသည်။
ပင်စည်လုံး၍ သေးရှည် သည်။ ထိုပင်စည်လုံးပေါ်တွင် ထပ်ဆင့်ပန်းခိုင် ၁ -၂ ခု တွေ့ရပြီး ဘဲဥပုံရှိ၍ ကိုင်းမဖြာပါ။
ကောက်ရိုးရောင်ရှိ ပြွတ်သိပ်သောပန်းပွင့်များ ပါရှိသည်။ ပွင့်ညှာမဲ့ ပန်းခိုင်သည် ရှည်ပြီး ကျယ်သည်။ ပွင့်ခံရွက်သည် ထောင်မတ်သည်။
အရွက်အနည်းငယ်သာရှိပြီး အောက်ခြေမှထွက်သည်။
အသီးသည် အညို သို့မဟုတ် အနက်ရောင် တစ်စေ့သီး ဖြစ်ပြီး ကျယ်ပြန့်သောဥပုံစံ ရှိသည်။ ထောင့်သုံးခု ပါသည်။
အစေ့အားဖြင့် မျိုးပွားသည်။လယ်စပါးခင်းများတွင် အဓိကတွေ့ရသည်
