မြက်ကွမ်းသီးကြီး (Tall fringe rush)

မြက်ကွမ်းသီးကြီး ( Tall fringe rush)
မြက်ကွမ်းသီးကြီး ( Tall fringe rush)

သိပ္ပံအမည် – Fimbristylis dichotoma ( L.) Vahl

Common name – Tall fringe rush

Family – Cyperaceae



တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံ စုထွက်ကာ ထောင်မတ်သည့် ခြုံပုတ်ပင်မျိုးဖြစ်ပြီး ၁၀ – ၈၀ စင်တီ တာထိမြင့်သည်။

ပွင့်ကိုင်းရိုးတံသည် အမွေးမဲ့ သို့မဟုတ် အမွေးရှိတတ်သည်။ အရွက်မြောက်မြားစွာ ပါရှိပြီး အောက်ခြေမှထွက်သည်။ ပွင့်ကိုင်းရှည်ပြီး ချည်မျှင်နှင့်တူသော ပွင့်ခံရွက် ၂ – ၅ ခုပါရှိသည်။

 ပန်းခိုင်သည် ရင်းတူထိပ်ညီဖြစ်ပြီး တစ်ခုတည်း သို့မဟုတ် အစုအဝေးနှင့် တွေ့ရတတ်သည်။ ထပ်ဆင့် ပန်းခိုင်သည် အညိုရောင်ဘဲဥပုံရှိပြီး ရှည်၍ ကျယ်သည်။

 အသီးသည် အဝါရောင်သန်းသော အဖြူရောင် တစ်စေ့သီးဖြစ်ပြီး ဘဲဥပုံရှိ၍ နှစ်ဖက်ခုံးသည်။ ဒေါင်လိုက်ကန့်လန့်ဖြတ် အစင်းကြောင်းများ ပါရှိပြီး ရှည်သည်။

အစေ့နှင့် ပင်ပိုင်းအားဖြင့် မျိုးပွားသည်။

လယ်စပါးခင်းများတွင် အဓိကတွေ့ရသည်။