မြက်အုပ်စုဝင် ပေါင်းပင်များ ( Grasses) အပိုင်း (၁)
မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံများတွင် ပေါက်ရောက်လေ့ရှိသော ပေါင်းအမျိုးအစားများမှာ-
(၁) မြက်အုပ်စုဝင် ပေါင်းပင်များ ( Grasses)
(၃) ရွက်ပြန့်အုပ်စုဝင် ပေါင်းပင်များ ( Broadleaf weeds)
(၄) အခြားအုပ်စုဝင် ပေါင်းအမျိုးအစား တို့ဖြစ်ပါသည်။
(၁) မြက်အုပ်စုဝင် ပေါင်းပင်များ (Grasses)
မြက်အုပ်စုဝင် ပေါင်းပင်များ၏ ယေဘုယျရုပ်သွင်ပြင်လက္ခဏာများ
ရွက်ကြောပြိုင်၍ အရွက်၌ ရွက်ဖုံးနှင့် ရွက်ပြားပါရှိပြီး ထိုနှစ်ခုဆုံရာတွင် ရွက်စွယ် သို့မဟုတ် ရွက်လျှာပါရှိသည်။
အရွက်ထိပ်ဖျားသည် လှေဦးပုံ သို့မဟုတ် ထိပ်ချွန်ပုံရှိသည်။ ရွက်ပြားပုံစံတွင် ဘေးနှစ်ဖက်ပြိုင်တန်းလျက်ရှိသောပုံ၊ အပ်ပုံ၊ ထိပ်ဖျားချွန်သောပုံ၊ အရွက်ခြေကျုံ့သောပုံ၊ တွန့်လိမ် သောပုံ အမျိုးမျိုး ရှိပါသည်။
ရွက်ဖုံးနှင့် ရွက်ပြားပါရှိပြီး နှစ်ခုဆုံရာတွင် ရွက်စွယ်(သို့) ရွက်လျှာပါရှိသည်။
ရွက်ဖုံးတွင် ကွဲနေသောပုံစံ၊ ထပ်နေသောပုံစံ၊ ပေါင်းနေသောပုံစံ တွေ့ရပြီး ရွက်လျှာတွင်လည်း ပါးလွှာသောပုံ၊ ဆံချည်မျှင်ပုံ၊ ထိပ်တုံးသောပုံ၊ လုံးသောပုံ၊ ထိပ်ချွန်သောပုံစသည်ဖြင့် အမျိုးမျိုးတွေ့ရသည်။
ရွက်စွယ်သည် လက်သည်းပုံ၊ လုံးဝန်းသောပုံ၊ မထင်ရှားေသာပုံနှင့် တစ်ခါတစ်ရံ မပါရှိသည်များလည်း တွေ့နိုင်သည်။
ပင်စည်လုံး၍ တူညီသော သစ်ကြားရှိပြီး ပင်စည်ကိုကန့်လန့်ဖြတ်ကြည့်လျင် အပိုင်းပုံရှိ၍ အခေါင်း ပါသည်။
ပန်းခိုင်သည် ကိုင်းဖြာပန်းခိုင်၊ ပွင့်ညှာမဲ့ပန်းခိုင်နှင့် ပွင့်ညှာရှိပန်းခိုင် အမျိုးအစားများဟူ၍ရှိသည်။
မြေအောက်ပင်စည်နှင့် တွားသွားပင်စည်များသည် နှစ်ရှည်ခံမြက်မျိုးတွင် တွေ့ရပြီး မြစ်မွှာရေသောက်စနစ်ဖြစ်သည်ကို တွေ့ရပါသည်။
မြက်အုပ်စုဝင်ပေါင်းမြက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ မောင်ရင်ငိုမြက် (ခ) နောက်ပိုးမြက် ( Golden false beardgrass)
၂။ ဝါးရုံမြက် (swamp millet)
၃။ကချေသည်မြက် ( Saramollagrass)
၄။သမန်းမြက် (Southern cut grass)
၅။ဒေါင်းမြီးပျံ ( Chinese sprangletop )
၆။မြက်သီး ( Barnyard grass )
၇။ဆင်ငိုမြက် ( Goose grass )
၈။ဖော့မြက် ( Bamboo grass)
၉။သက်ကယ်မြက် (Cogon grass )
၁၀။မြေဇာမြက် ( Bermuda grass )
၁၁။လေးခွမြက် ( Crowfoot grass )
၁၂။လက်သည်းခွမြက် ( Southern crabgrass )
၁၃။ဝမ်းဘဲစာမြက် ( Jungle rice )
၁၄။ဒေါင်းစပါး၊ ဒေါင်းမြက် ( Wild rice )
၁၅။တဘက်သတ်မြက် ( Knotgrass)
၁၆။မြက်ယားငယ် ( Itch grass )
၁၇။ကိုင်း ( Wild sugarcane )
၁၈။ ခွေးမြီးပုတ်မြက် ( Yellow foxtail )
၁၉။ မြက်ကြိမ်၊ မြက်ခါး ( Torpedo grass )
ဤအချက်အလက်များကို Common Agricultural Pests in Myanmar မြန်မာနိုင်ငံစိုက်ပျိုးသီးနှံများတွင်တွေ့ရလေ့ ရှိသောဖျက်ပိုးများ(သီးနှံကာကွယ်ရေးဌာနခွဲ ) မှ ကောက်နုတ်ထားပါသည်။
