စပါးရွက်ညိုပြောက်ရောဂါ (Brown leaf-spot diseases)

စပါးစိုက်ပျိုးကြတဲ့တောင်သူများအားလုံးနီးပါး နှစ်စဥ် ကြုံတွေ့ရတဲ့ရောဂါတစ်မျိုးကတော့ စပါးရွက်ညိုပြောက်ရောဂါ ဖြစ်ပါတယ်။
ဒါကြောင့် ရွက်ညိုပြောက်ရောဂါအကြောင်း တောင်သူဦးကြီးတို့ ဗဟုသုတရဖွယ် ဖော်ပြလိုက်ရပါတယ်ခင်ဗျာ

ဖျက်ဆီးမှုလက္ခဏာ

• စပါးရွက်ညိုပြောက်ရောဂါ သည် စပါးပင်ရဲ့အရွက်၊ရွက်ဖုံးနှင့်စပါးနှံများပေါ်တွင်တွေ့ရှိနိုင်သည်။
• အရွက်ပေါ်တွင် နှမ်းစေ့အရွယ်၊ဘဲဥပုံအညိုရောက်အပြောက်များညီညာစွာပြန့်ကျဲဖြစ်ပေါ်နေမည်။
• စပါးစေ့ခွံပေါ်တွင် အညိုရင့်ရောင်အစက်အပျောက်များဖြစ်ပေါ်ပြီးတဖြည်းဖြည်း ဆန်စေ့အထိ အမည်းပြောက်များဖြစ်ပေါ်စေသည့်အတွက် စပါးစေ့အဖျင်းများပြီး ဆန်အထွက်နှုန်း ကျဆင်းစေနိုင်ပါသည်။

ကူးစက်ပျံ့နှံ့ပုံ

ရောဂါကျအပင်မှ လေဖြင့်တစ်ပင်နှင့်တစ်ပင်ကူးစက်ပျံ့နှံ့သည်။

စပါး ရွက်ညိုပြောက်ရောဂါဖြစ်ပေါ်စေသည့်အကြောင်းတရားများ

စိုစွတ်သောမြေထက် ခြောက်သွေ့သောမြေများတွင် ရောဂါ ပိုမိုကျရောက်သည်
ဆည်ရေသောက်လယ်မြေများတွင် ဆည်ရေပြတ်တောက်မှုကြောင့် ရောဂါပိုမို ကျရောက်နိုင်သည်
မြေတွင် နိုက်ထရိုဂျင်(ပုလဲ)ဓာတ်လွန်ကဲခြင်း၊ချို့တဲ့ခြင်းများ
စပါးပင်သည် မဂ္ဂနိ(စ်)၊ဆီလီကာ၊နိုက်ထရိုဂျင်၊ဖော့စဖောရပ်နှင့် ပိုတက်စီယမ် အာဟာရဓာတ်များ ချို့တဲ့လျှင် ရောဂါပိုမိုဖြစ်ပေါ်စေခြင်း
ရောဂါကူးစက်ရန်အကောင်းဆုံးအပူချိန် 16 မှ 36 ဒီဂရီစင်တီဂရိတ် အတွင်း ရှိနေခြင်း
စပါးပင်ပွားစုံချိန်တွင် အပင်ပြည့်ပြီးလေဝင်လေထွက် နှင့် နေရောင် ကောင်းကောင်း မရသည့် အောက်ရွက်များတွင် စိုထိုင်းစ မြင့်မားပြီး ရောဂါ ဝင်ရောက်နိုင်ခြင်း

ကာကွယ်နှိမ်နင်းနည်း

မျိုးစေ့ဆောင်မှိုဖြစ်ပြီး မျိုးစေ့ထဲတွင် (၂) နှစ်မှ (၄) နှစ်အထိ ရှင်သန်နိုင်သည့်အတွက် မျိုးစေ့များကို ဆားရည်စိမ်ပြီး စိုက်ပျိုးပါ
ရောဂါရစိုက်ခင်းမှရိုးပြတ်များနှင့်ပင်ကြွင်းပင်ကျန်များကိုမီးရှို့ဖျက်စီးပါ
ရောဂါခိုအောင်းနိုင်သော ပေါင်းမြက်များကို စနစ်တကျ နှိမ်နင်းပါ
ရေသွင်းရေထုတ်ကောင်းမွန်စေရန် လယ်မြေများကို စနစ်တကျစီမံပါ
လယ်မြေကိုအာဟာရပြည့်ပြီးမြေဆီလွှာကောင်းမွန်စေရန် အနည်းလိုအာဟာရဓာတ်၊
ပိုတက်၊ဖော့စဖောရပ်နှင့် နိုက်ထရိုဂျင်ဓာတ်များ အချိုးညီညီကျွေးပေးရမည်
ရောဂါကျစိုက်ခင်းကိုဖြတ်၍ရေသွင်းခြင်းကိုရှောင်ကြည်ပါ
ကြိုတင်ကာကွယ်ခြင်းဖြစ်စေ၊ရောဂါလက္ခဏာစတွေ့သည်နှင့်ဖြစ်စေ ဩဘာ စပါးမှိုဆေး ကို လိုအပ်သလို တစ်ပတ်ခြားတစ်ကြိမ်ပက်ဖျန်းပါ။
ရောဂါကင်းစင်ပြီဆိုပါက စပါးအပင်ပိုစိမ်းပြီး အနှံထွက်အားကောင်းစေရန် ရွှေကောမက် မြေဩဇာကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ