မြက်ကွမ်းသီးလေး (Lesser fimbristylis)

( Lesser fimbristylis)
သိပ္ပံအမည် – Fimbristylis littoralis Gaud.
Common name – Lesser fimbristylis
Family – Cyperaceae
တစ်နှစ်ခံ သို့မဟုတ် သက်တမ်းတို နှစ်ရှည်ခံပင် ပျော့မျိုးဖြစ်ပြီး အရင်းတစ်ခုတည်းမှ ဖြာထွက် ၍ အပေါ်သို့ ထောင်မတ်လျက် ပေါက်သည်။
၄၀ – ၆၀ စင်တီမီတာခန့် အမြင့်ရှိသည်။ ပွင့်ကိုင်းရိုးတံ၏ အရင်းပိုင်းသည် ပြားပြီးအပေါ်ပိုင်းတွင် ထောင့်လေးထောင့် သို့မဟုတ် ငါးထောင့်ပါရှိသည်။
ပန်းခိုင်တွင် ပြန့်ကားနေသော ပွင့်ကိုင်းများစွာရှိပြီး ရင်းတူထိပ်ညီ ဖြစ်သည်။ ထပ်ဆင့်ပန်းခိုင်များစွာ ပါရှိပြီး အညိုဖျော့ရောင် သို့မဟုတ် ကောက်ရိုးရောင် ရှိသည်။
အသီးသည် ဆင်စွယ်နုရောင်မှ အညိုရောင် ရှိပြီး ဥပုံစံ ထောင့်သုံးထောင့် ပါသည်။
အစေ့ သို့မဟုတ် မြေအောက်ပင်စည်ဖြင့် မျိုးပွားသည်။
စပါး၊ ပြောင်း၊ နှံစားပြောင်း၊ ပဲပုပ်၊ ပဲမျိုးစုံ၊ ကြံ၊ ငှက်ပျောတွင် အဓိကတွေ့ရသည်
