ဂေါ်ဖီထုပ် စနစ်တကျ စိုက်ပျိုးနည်း
မျိုး
ပိုးမွှားရောဂါ ဒဏ်ခံနိုင်သော မျိုး၊ ဈေးကွက်အရ ကြိုက်နှစ်သက်သောမျိုးကို ရွေးချယ်၍ စိုက်ပျိုးပါ။
ပျိုးထောင်ခြင်း
မျိုးစေ့များမှာ သေးငယ်သည့်အတွက် ပျိုးဘောင်များ ပြုလုပ်ရာတွင် မြေမှာ မှုန့်ညက်၍ ပွနေရန် လိုအပ်ပါသည်။ မြေကို သေချာစွာ ပြုပြင်ပြီး၊နွားချေးဆွေး၊ စက်ဖွဲပြာ(သို့) အမှိုက်ဆွေးများ ထည့်ပေးရပါမည်။ ပျိုးပင်ပေါက်များ ရောဂါပိုးမွှားကင်းစေရန် ပျိုးဘောင်ပေါ်တွင် တော်ပီဒို ၃ဂျီအာများထည့်၍ ဘောင်လုံး ပေးရပါမည်။
ဘောင်ပေါ်တွင် အစေ့များကို ညီညာစွာ ကြဲပက်ပြီးအပေါ်မှ မြေဆွေးပါးပါး ဖုံးအုပ်ပေးပါ။ သို့မဟုတ်စိုက်ကြောင်းဆွဲ၍ အစေ့များ ညီညာစွာချပြီး အပေါ်မှ မြေဆွေး၊ စက်ဖွဲပြာ ဖုံးအုပ်ပေးပါ။ စိုက်ကြောင်းဆွဲ၍ ပျိုးခြင်းဖြင့် ပေါင်းလိုက်ရ လွယ်ကူပါသည်။ဘောင်များပေါ်တွင် ကောက်ရိုး (သို့) မြက်ခြောက်များ ဖုံးအုပ်ပြီး ရေစိုအောင် လောင်းပေးပါ။ ပျိုးအိတ်များတွင် ထည့်၍လည်း ပျိုးထောင်နိုင်ပါသည်။
ပျိုးပင်များပြုစုခြင်း
ပျိုးပင်များကို တစ်နေ့(၂)ကြိမ် ရေလောင်းပေးပါ။ ရွှေ့မစိုက်မီ အချိန်အတွင်း ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ခြင်းများပြုလုပ်ပေးပါ။
မြေပြုပြင်ခြင်း
ထယ်ရေးနက်နက်၊ ထွန်ရေးညက်အောင် ဆောင်ရွက်ပါ။
စိုက်ပျိုးခြင်း
ကျင်းစနစ်ဖြင့်လည်းကောင်း၊ ရေသွင်းနိုင်သော ဒေသများတွင် ဘောင်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ကျင်းစနစ်ဖြင့် စိုက်ပါက တန်းကြား ၂ ပေ × ပင်ကြား ၁ ၁/၂ ပေ စိုက်ကျင်းများ ဖော်ပါ။ စိုက်ကျင်းအတွင်း နွားချေး၊ မြေဆွေးနှင့် မြေသြဇာများကို ထည့်ပြီး ပျိုးပင်များကိုစိုက်ပျိုးနိုင်ပါသည်။
ဘောင်စနစ်ဖြင့် ၃ ပေ စိုက်ကြောင်းများဆွဲ၍ နွားချေး၊ မြေဆွေး မြေသြဇာများ ထည့်ပြီး ဘောင်လုံးပါ။ ဘောင်ပေါ်တွင် ၁၁/၂ ပေ (သို့) ၁ ပေကျင်းများကို စွယ်စုံ (မျက်နှာချင်းဆိုင်) တူးပါ။ စိုက်ကျင်းအတွင်း မြေဆွေး၊ မြေသြဇာ+ သြဒရင်း ကို ထည့်ပေးနိုင်သည်။
ရေခံ၍လည်းကောင်း၊ ရေသွင်း၍လည်းကောင်း ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
အပင်ပြုစုခြင်း
စိုက်ပြီး(၇)ရက်တွင် အပင်ခါးဆွပေးပါ။ အပင်သက်တမ်းတစ်လျှောက် မြေအစိုဓာတ်ရှိရန် လိုအပ်ပါသည်။ ရေသွင်းစိုက်ဒေသများတွင် (၇-၁၀)ရက်ခြား တစ်ကြိမ် ရေသွင်းပေးသင့်ပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာသုံးစွဲခြင်း
မြေပြင်ချိန်တွင် နွားချေး တစ်ဧကတွင် လှည်း (၅-၁၀) စီး ထည့်ပါ။
စိုက်ပြီး (၃၀-၃၅) ရက်သားတွင် ကောမက်ဗီစူပါ + ကောမက်ထွက်တိုး G45 အသုံးပြုနိုင်သည်။
အပင်ကြီးထွားမှု ကောင်းစေ၍ အလေးချိန်စီးစေရန် တင်ပို + ကောမက်ပီဖိုလန် ကိုလည်း အညွှန်းအတိုင်း သုံးစွဲပေးပါ။
အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းသည့် အခါတိုင်း ၎င်းတို့၏ အာနိသင်ပိုမိုထူးကဲစွာ ရရှိစေရန်အတွက် ဝမ်းဒါး ပြန့်ဆေး၊ ကပ်ဆေးကိုမဖြစ်မနေ ပူးတွဲအသုံးပြုပါ။
ပေါင်းမြက်များ ကာကွယ်ခြင်း
ဂေါ်ဖီထုပ်/ ပန်းမုံလာခင်းများတွင် အပင်ငယ်စဉ်မှ တစ်လသားအထိ ပေါင်းမြက် ကင်းစင်ရန် လိုအပ်ပါသည်။ ပိုလာ နှင့် မက်တယ် ပေါင်းသတ်ဆေးများကို အပင်ရွှေ့မစိုက်မီ စိုက်ဘောင်များတွင် ဖျန်းထားပြီးမှ အပင်ကို စိုက်ပျိုးခြင်းဖြင့် ပေါင်းကိုကာကွယ်နိုင်ပါသည်။
ပိုး၊ ရောဂါ ကာကွယ်ခြင်း
စိန်ကွက်ဖလံ ၊ ငမြှောင်တောင် ၊ ထွားကောင်စိမ်း ၊ ပျ ၊ ဂေါ်ဖီလိပ်ပြာဖြူ၊ ဂေါ်ဖီခေါင်ပိုး နှင့် ရွက်ဖောက်လှေးကျိုင်းများ ကျတတ်သောကြောင့် ပိုးရှိမရှိစိုက်ခင်းအတွင်းအမြဲစောင့်ကြည့်သင့်ပါတယ်။
ဒေါင်းနီးရောဂါ၊ရိုးမည်းရောဂါ၊ အပျော့ပုပ်ရောဂါ ၊ ခါးရိရောဂါနှင့် ပင်ရင်းပုပ်ရောဂါများ ဖြစ်ပွားတတ်သောကြောင့် မှိုရောဂါ ကာကွယ်ဆေးများ အသုံးပြုကာကွယ်ထားသင့်ပါတယ်။
ဂေါ်ဖီထုပ်စိုက်ပျိုးရေးနှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Myanma Awba Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
