နီမတုတ် ( Nematodes) ဆိုတာ ဘာလဲ

နီမတုတ် ( Nematodes)ဆိုသည်မှာ  Nematoda မျိုးပေါင်းစုထဲမှာပါဝင်တဲ့ ( worm ) တီကောင်ကဲ့သို့ ပုံစံရှိသည့်အကောင်ကို ဆိုလိုသည်။

နီမတုတ် ( Nematodes)များသည် ကမ္ဘာပေါ်တွင် အပေါများဆုံး သက်ရှိများမှ တစ်ခုဖြစ်ပြီး  တိရစ္ဆာန်နဲ့ အပင်များမှာ ကပ်ပါးကောင်အဖြစ်နေထိုင်ကြသလို မြေဆီလွှာ၊ ရေ ၊ ရှာလကာရည်တို့အပြင် ကမ္ဘာအနက်ရှိုင်းဆုံး အက်ကြောင်းအတွင်းရှိ မြေအောက်ရေများတွင်လည်း လွတ်လပ်စွာ နေထိုင်နိုင်ကြပါသည်။ လက်ရှိတွင် မျိုးစိတ်ပေါင်း ၂၀၀၀၀ခန့် လေ့လာတွေ့ရှိပြီးဖြစ်သော်လည်း ယခုတိုင် ရှာဖွေတွေ့ရှိခြင်းမရှိသေးသော မျိုးစိတ်များစွာ ကျန်ရှိဦးမည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။

စိုက်ပျိုးရေးနယ်ပယ်တွင် တောင်သူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သော နီမတုတ် ( Nematodes)အများစုသည်  “အပင်ကပ်ပါး နီမတုတ်များ” (Plant-parasitic nematodes) များ ဖြစ်ကြသည်။ဥပမာအားဖြင့်

 

 

၁။ အမြစ်ဖုနီမတုတ်များ (Root-knot Nematodes)

  • မြေဆီလွှာမှတဆင့် အပင်၏ အမြစ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အပင်အာဟာရကို စုပ်ယူသဖြင့် အမြစ်တွင် အကျိတ်အခဲ (အဖု) များ ဖြစ်လာသည်။
  • အမြစ်မှ ရေနဲ့ အာဟာရကို ကောင်းကောင်း မစုပ်ယူနိုင်သောကြောင့် အပင်ညှိုးနွမ်းလာကာ အရွက်များ ဝါလာပြီး အပင်သေဆုံးသွားတတ်သည်။

၂။ မြစ်ပုပ်နီမတုတ်များ (Lesion Nematodes)

  • အမြစ်တစ်လျှောက် လျှောက်သွားပြီး အမြစ်တစ်ရှူးများကို စားသောက်ဖျက်ဆီးသည်။
  • ထို့ကြောင့် အမြစ်တွင်  အနာတရ ဖြစ်လာပြီး အမြစ်ပုပ်သွားမည်။ ထိုအနာမှတစ်ဆင့် မှိုရောဂါနဲ့ ဘက်တီးရီးယားပိုးများ အပင်ထဲသို့ ဝင်ရောက်လာသည်။

၃။ အပင်အပေါ်ပိုင်းကို ဖျက်ဆီးသော နီမတုတ်များ

အပင်ရဲ့ အပေါ်ပိုင်း (အရွက်၊ ပင်စည်၊ အပွင့်) များအထိ ထိခိုက်စေတတ်သော  နီမတုတ်များလည်း ရှိသည်။

  • ဥပမာ – စပါးရွက်မှာ လက္ခဏာပြတတ်သော ‘ယူဖရာ စပါးလောင်မီး’ (Ufra disease) ၊ ပန်းများတွင် ကျရောက်တတ်သော  ‘အရွက်ဖျက် နီမတုတ်’ တို့သည် အရွက်များကို တွန့်လိမ်ခြင်း ၊ အစက်အပြောက်များပေါ်ခြင်းတို့ ဖြစ်စေသည်။

    နီမတုတ် ( Nematodes) ၏ ‌ရောဂါကူးစက်ပျံ့နှံ့ပုံ

    နီမတုတ်များသည် ကိုယ်တိုင်သွားလာပျံ့နှံ့နိုင်သော အကွာအဝေးတိုတောင်းသည်။ အဓိကအားဖြင့် ထို့ကြောင့် အောက်ပါနည်းလမ်းများမှတစ်ဆင့် ခြံတစ်ခုမှ တစ်ခုသို့ ပျံ့နှံ့ကူးစက်တတ်သည်ကို သတိပြုရန် လိုအပ်သည် –

    • ကူးစက်ခံထားရသော ပျိုးပင်များ: မြေပါသော ပျိုးထုပ်၊ ပျိုးပင်များမှတစ်ဆင့် ပျံ့နှံ့ခြင်း
    • စိုက်ပျိုးရေးသုံး ကိရိယာများ: မြေကြီးကပ်နေသော ထွန်စက်၊ ပေါက်ပြား၊ ဖိနပ်များမှတစ်ဆင့် ပါသွားခြင်း
    • ရေစီးကြောင်း: မိုးရွာရာမှ ရေစီးဆင်းခြင်း၊ ဆည်ရေများမှတစ်ဆင့် နီမတုတ်ဥများနှင့် အကောင်များ ပါသွားခြင်းတို့ ဖြစ်ပါသည်။

နီမတုတ် ( Nematodes) ရောဂါကျရောက်ခြင်းကို မည်သို့ခွဲခြားနိုင်သနည်း(လက္ခဏာများ)

သင်စိုက်ထားတဲ့ အပင်များတွင် ယေဘုယျအားဖြင့် အောက်ပါ လက္ခဏာများ တွေ့ရှိပါက နီမတုတ် ရှိနိုင်ပါသည်။

  • တခြားအပင်များနှင့်  ယှဉ်ပါက  ပုနေခြင်း၊ ညှက်နေခြင်း။
  • ရေလောင်းသော်လည်း နေ့ခင်းဘက်တွင် အမြဲ ညှိုးနွမ်နေတတ်ခြင်း။
  • အပင်ကို နုတ်ကြည့်လိုက်ရင် အမြစ်များတွင် ပုံမှန်မဟုတ်သော အလုံးအဖုလေးများတွေ့ရခြင်း

နီမတုတ် ( Nematodes) ကာကွယ်/နှိမ်နင်းနည်း

၁။ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း

နီမတုတ် ကြိုက်နှစ်သက်ခြင်းမရှိသော သီးနှံ (ဥပမာ – ပြောင်း၊ ပူစီနံ သို့မဟုတ် နေကြာ) များကို တလှည့်စီ စိုက်ပါ။

၂။ မြေဆီလွှာကို ပြုပြင်ခြင်း

မြေလှန်ခြင်း /မြေလှပ်ခြင်း

နီမတုတ်များကို စားသောက်တတ်သော မှို (သို့) ဘက်တီးရီးယား ပါဝင်သည့် ဇီဝမြေဆီလွှာ မျာ သုံးခြင်း

၃။စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးအသုံးပြုခြင်း

ဓာတုပိုးသတ်ဆေး အသုံးပြုလိုပါက တော်ပီဒို ၃ဂျီအာ ပိုးသတ်ဆေးအခဲကို စိုက်ကြောင်းအတွင်းထည့်ပေးနိုင်ပါသည်။

 

အကြံပြုချက်

စိုက်ပျိုးရေးပြဿနာများနှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Myanma Awba _ Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။

 

Relate Products

ဆက်စပ် ထုတ်ကုန်များ