စပါးယူဖရာ (လောင်မီး) ရောဂါ အကြောင်း သိကောင်းစရာ

စပါးယူဖရာ (လောင်မီး) ရောဂါဟာ  နီမတုတ် လို့ခေါ်တဲ့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတဲ့ ပိုးမွှားငယ်တစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။

ရောဂါဖြစ်စေသော သက်ရှိ –  Ditylenchus angaustus

၁။ ဘယ်လိုလက္ခဏာတွေတွေ့ရမလဲ?

  • အဖြူရောင်အစက်လေးတွေကနေ အညိုရောင်အစက်တွေဖြစ်ပြီး အရွက်တွေ တွန့်လိမ်ကောက်ကွေးနေမယ်။

  • ပင်စည်အပေါ်ပိုင်းဆစ်ကြားတွေ ညိုနက်နေမယ်။

  •  အနှံမထွက်နိုင်တာ၊ တစ်ဝက်တစ်ပျက်ပဲထွက်တာ၊ အဖျင်းများတာတွေကို တွေ့ရပါမယ်။

  •  ရောဂါပြင်းထန်ရင် တစ်ခင်းလုံး မီးလောင်ထားသလို ခြောက်သွေ့သွားတာကြောင့် “လောင်မီး” လို့ ခေါ်ကြပါတယ်။

၂။ ဘယ်လိုကူးစက်သလဲ?

  • ယခင်နှစ်က ရောဂါရတဲ့ ရိုးပြတ်၊ ကောက်ရိုးတွေမှာ နီမတုတ်တွေ ခိုအောင်းနေတတ်ပါတယ်။

  • ရောဂါရတဲ့ခင်းက ရေကို နောက်တစ်ခင်းဆီ ဆက်သွင်းရင် ကူးစက်တယ်။

  •  လယ်ကန်သင်းဘောင်တွေ  စပါးခင်းက ပေါင်းပင်တွေမှာလည်း ခိုအောင်းနေတတ်တယ်။

၃။ ဘယ်လိုကာကွယ်နှိမ်နင်းမလဲ?

  • ရောဂါရတဲ့ ရိုးပြတ်၊ ပေါင်းမြက်တွေကို မီးရှို့ဖျက်ဆီးပါ။

  • ရောဂါရတဲ့ခင်းက ရေကို တခြားစိုက်ခင်းတွေဆီ မသွင်းပါနဲ့။

  • ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးပါ။

  • ဓာတု​ဗေဒ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုနိုင်ပါတယ်။

နိဂုံးချုပ်

စပါးယူဖရာ (လောင်မီး) ရောဂါကို ထိန်းချုပ်ရန် စိုက်ခင်းကို စနစ်တကျစောင့်ကြည့်ခြင်းမှာ အရေးအကြီးဆုံးဖြစ်သည်။ စိုက်ခင်းအတွင်းရှိ ပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးခြင်းနှင့် စိုက်ခင်းစီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့သည်  ရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်သလို ရောဂါပျံ့နှံ့မှုကို အကောင်းဆုံး တားဆီးပေးနိုင်ပါသည်

 

မိမိစိုက်ခင်းတွင် ရောဂါလက္ခဏာများ တွေ့ရှိနေပါက စနစ်တကျ ဆေးဝါးသုံးစွဲနည်းများနှင့် အသေးစိတ် အကြံဉာဏ်များရယူရန် Myanma Awba Facebook Page သို့မဟုတ် စိုက်ပျိုးရေးပညာရှင်များထံသို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။