ခရမ်းချဉ်စိုက်ခင်းကို ဒုက္ခပေးနေတဲ့ “ဘက်တီးရီးယားရွက်ပြောက်ရောဂါ” ကို ဘယ်လိုကာကွယ်မလဲ?

ခရမ်းချဉ်သီးစိုက်တောင်သူများအတွက် အလုံးလှပြီး အနာအဆာကင်းသော ခရမ်းချဥ်သီးများ ရရှိရန် အရေးကြီးသည်။သို့ဖြစ်၍ အသီးတွင် အနာအစက်အပြောက်များ ဖြစ်စေတတ်ပြီး အသီးမလှဖြစ်စေတတ်သော  ခရမ်းချဥ် ဘက်တီးရီးယားရွက်ပြောက်ရောဂါ အကြောင်း ဖော်ပြလိုက်ရပါသည်။ဤရောဂါသည် အရွက်၊ ပင်စည်နှင့် အသီးများအထိ ဖျက်ဆီးတတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းရန် အလွန်အရေးကြီးပါသည်။

 ၁။ တွေ့ရှိရသော ရောဂါလက္ခဏာများ

  •  အပင်အပေါ်ပိုင်းတွင် အညိုရောင် အဝိုင်း(အစက်အပြောက်) ဒဏ်ရာများ စတင်မြင်ရလာသည်။ ဒဏ်ရာတစ်ဝိုက်ရှိ အရွက်တစ်သျှူးများ ထိခိုက်လာသောကြောင့် အရွက်ရှိ  အစက်အပြောက်အနာ အနားတဝိုက်တွင် အဝါရောင်ပြောင်းလာသည်။အချို့အရွက်များတွင် အပေါက်ငယ်များ ဖြစ်လာပြီး နောက်ဆုံးတွင် အရွက်များ ခြောက်သွေ့၍ ကြွေကျသည်အထိ ဖြစ်နိုင်သည်။

  • သေးငယ်သော အစက်ပြောက်များအဖြစ် စတင်ပြီး နောက်ပိုင်းတွင် ဖောင်းကြွလာကာ အနာဖေး (Scab) ပုံစံမျိုး ဖြစ်လာသည်။ရောဂါကျရောက်သော အသီးများတွင် ပိုမိုသိသာထင်ရှားသည်။ဘက်တီးရီးယားရွက်ပြောက်

 ၂။ ကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါဖြစ်စေသောအချက်များ

ဘက်တီးရီးယားများသည် အောက်ပါနည်းလမ်းများဖြင့် ကူးစက်တတ်သည် –

  • မျိုးစေ့မှတစ်ဆင့် ကူးစက်နိုင်သလို စိုက်ပျိုးရေးသုံး ကိရိယာများမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်သည်။

  •  မိုးသည်းထန်ခြင်း၊ စိုထိုင်းဆ မြင့်မားခြင်းနှင့် အပူချိန် (၇၅-၈၆ ဒီဂရီ ဖာရင်ဟိုက်) အကြားတွင် ရောဂါပေါက်ပွားနှုန်း အလွန်မြန်သည်။

  •  မိုးပြင်းလေပြင်းနှင့် ရောဂါကူးစက်ခံရသောအပင်မှ အခြားအပင်သို့ ရေစင်ခြင်းများမှတစ်ဆင့် ကူးစက်နိုင်ပြီး စိုက်ခင်းအတွင်း သီးနှံအကြွင်းအကျန်များမှလည်း ရောဂါကူးစက်နိုင်သည်။

 ၃။ ကာကွယ်နှိမ်နင်းနည်းလမ်းများ

  • ပျိုးပင်များကို ရေများစွာပေးခြင်းမှ ရှောင်ကြဉ်ပါ။

  • ရေစိမ့်ဝင်စီးဆင်းမှုကောင်းသော မြေကို ရွေးချယ်ပါ။

  • ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို ထယ်ထိုးထွန်မှောက်၍ မြေမြှုပ်ဖျက်ဆီးပါ။

  • သီးနှံစိုက်ပျိုးမှုပုံစံ ပြောင်းလဲ၍ သီးလှည့်စိုက်ပျိုးပါ။

  • ရောဂါရအပင်မှ အရွက်များ/ အပင်ကို နှုတ်ယူဖျက်ဆီးပါ
  • စိုက်ခင်းတန်းကြားများ လေဝင်လေထွက်ကောင်းအောင် ကိုင်းဖြတ်ခြင်းများပြုလုပ်ပေးပါ
  • ရောဂါဒဏ် ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးပါ
  • ဓာတုနည်းလမ်းဖြင့် နှိမ်နင်းခြင်း:

    ရောဂါကာကွယ်ရန်အတွက် ဘီလီယံ (Billion) (၁၀၀ ဂရမ်) ကို ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးနှုန်းဖြင့် ရက်ခြားအလိုက် တစ်လှည့်စီ ဖျန်းပေးပါ။ ရောဂါကျရောက်ပါက ရာဇဖွား( YarzaPwar) ဖျန်းပေးနိုင်ပါသည်။

နိဂုံးချုပ်

ဘက်တီးရီးယားရွက်ပြောက်ရောဂါကို စနစ်တကျ ကာကွယ်ရန်မှာ ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါကျရောက်ပါက မှန်ကန်သော ဆေးဖျန်းခြင်းသည် အဓိက ဖြစ်ပါသည်။

သင့်ခရမ်းချဉ်စိုက်ခင်းအတွက် အသေးစိတ် အကြံဉာဏ်များ လိုအပ်ပါက Myanma Awba Facebook Page သို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။

Relate Products

ဆက်စပ် ထုတ်ကုန်များ