ငရုတ် အသီးမတင်ရသည့် အဓိက အချက် ( ၆) ချက်
ငရုတ်သီးနှံ အထွက်နှုန်းကောင်းစေရန် အသီးတင်မှုများဖို့ရာ လိုအပ်သည်။ငရုတ်သီးနှံ အသီးမတင်ရသည့် အဓိကအချက် ( ၆)ခုမှာ
- ရာသီဥတု မမျှတခြင်း အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း
- ရေအလွန်အကျွံပေးမိခြင်း၊ရေငတ်လွန်ခြင်း အပင်ဦးရေများပြီး လေဝင်လေထွက်နည်းခြင်း
- ဝတ်မှုန်ကူးအားကောင်းစေသော ဘိုရွန်ဓာတ်ချို့တဲ့ခြင်း
- ကယ်ဆီယမ်ဓာတ်နည်းသောကြောင့် ငရုတ်ဖလံဖြူ များခြင်း
- ပုလဲ ဓာတ်မြေဩဇာ အလွန်အကျွံသုံးခြင်း
- ဖျက်ပိုးစုပ်စားပိုး ကျရောက်မှု့များခြင်း တို့ကြောင့် အဓိက ဖြစ်တတ်ပါသည်
အထက်ဖော်ပြပါ အချက်များအနက် ရာသီဥတုဒဏ် မိုးခေါင်ဒဏ်၊ရေငတ်ဒဏ်၊ရေဝပ်ဒဏ် ခံနိုင်ရည်ရှိရန် အတွက် ပိုတက်ဆီယမ်အချိုးများများပါသောမြေဩဇာသုံးခြင်း။အသီးတင်ပြီး ဝတ်မှုန်ကူးအားကောင်းစေရန် ကယ်ဆီယမ်နှင့် ဘိုရွန်ဓာတ်များများပါသော မြေဆီဩဇာကို ပန်းပွင့်ချိန်တွင် ထည့်ပေးခြင်းဖြင့် အသီးတင်မှု့များပြီး ငရုတ်ဖလံဖြူကျမှု့သက်သာပြီး အရည်သွေးမြင့်ငရုတ်သီးတောင့်များ များများရရှိမှာဖြစ်ပါသည်။ ထို့ပြင် စိုက်ခင်းအတွင်း လှေးပိုး မွှားပင့်ကူနီ ကျရောက်မှုရှိမရှိကို အမြဲ ကြည့်ပေးနေရန်မှာ အထူးအရေးကြီးပါတယ်။
ငရုတ်သီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ဩဘာFacebook Pageတွင် လာရောက်မေးမြန်းနိုင်ပါသည်။
