နိုင်ငံတကာ ဝယ်လိုအားလျော့ခြင်းကြောင့် လယ်ယာထွက်ကုန် အများစုဈေးကျ
နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအား ကျသလို ပြည်တွင်းငွေလဲနှုန်းကလည်း ကျပ်ငွေတန်ဖိုးမာနေပြီး နိုင်ငံခြား ငွေများ အကျဘက်တွင်ရှိနေသဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ၏ဈေးနှုန်းက ဆက်လက်ကျဆင်း နေ ပါတယ်။
နှစ်သစ်ကူး ပိတ်ရက်များအပြီး ပြည်တွင်း ဈေးကွက်ပြန်ဖွင့်ချိန်တွင် တောင်သူများ အဓိကစိုက်ပျိုးထုတ် လုပ်တဲ့ ပဲမျိုးစုံ၊ ပြောင်း ဈေးနှုန်းတွေက အကျဘက်မှာသာ ဆက်လက်ရှိနေပါတယ်။ ၂၀၂၅နှစ်ဆန်းမှာလည်း ပြည်တွင်း ငွေကြေးဈေးကွက် နိုင်ငံခြားငွေလဲနှုန်း အကျပိုင်းတွင်သာ ဆက်ရှိနေပြီး အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ကျဆင်းမှု၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ တုန့်ဆိုင်းနေမှုက လယ်ယာထွက်ကုန်စည်များ၏ ဈေး နှုန်းကို အကျ ဘက်ကို ဆက်လက်ရှိစေပါတယ်။
အိန္ဒိယနိင်ငံမှ ဝယ်လိုအား ထိန်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းက ပြီးခဲ့ တဲ့ နှစ်ကုန်ပိုင်းမှ စတင်ကာ နိုင်ငံတကာကို ရောင်းချသော FOB ဈေးနှုန်း အပြောင်းအလဲ မရှိပါဘူး။
၂၀၂၅ ပထမ ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့မှာ ပြည်တွင်းမတ်ပဲဈေးနှုန်းက FAQ တစ်တန်ကို သုံးဆယ့် တစ်သိန်းကိုးသောင်းခုနှစ်ထောင်ကျပ် ဈေးဖွင့်ပါတယ်။၂၀၂၄ ဒီဇင်ဘာ နောက်ဆုံးရက်မှာတော့ မတ်ပဲတစ်တန် သုံးဆယ့်သုံးသိန်းနှစ်သောင်းကျပ် ဈေးဖွင့်ခဲ့ခြင်းကြောင့် မတ်ပဲတစ်တန်ကို ကျပ်တစ်သိန်းနှစ်သောင်းကျော် ဈေးကျဆင်း လာပါတယ်။
၂၀၂၅ ပထမရက်သတ္တပတ်ဟာ နှစ်သစ်ကူးရုံးပိတ်ရက်တွေကြောင့် ပြည်ပဝယ်အား နည်းနေပေမယ့် အိန္ဒိ ယနိုင်ငံရဲ့ လာမယ့် (၂၀၂၅- ၂၆) ဘဏ္ဍာနှစ်မှာ မတ်ပဲဝယ်လိုအားက မြင့်တက်လာနိုင်တယ်လို့ ကုန်သည် အချို့က ခန့်မှန်းနေကြပါတယ်။
၂၀၂၄ ဒီဇင်ဘာ နောက်ဆုံး ရက်သတ္တပတ်မှာ တစ်တန်ကို သုံးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် ဈေးဖွင့်ခဲ့တဲ့ ပဲစင်းငုံက ၂၀၂၅ ပထမ ရက်သတ္တပတ်မှာတော့ သုံးဆယ့်တစ်သိန်းတစ်သောင်းငါးထောင်ကျပ် ကို ဈေးကျဆင်းလာပါတယ်။ ပဲစင်းငုံက တစ်ပတ်ကျော်အချိန်အတွင်း တစ်တန်ကို ငွေကျပ်နှစ်သိန်းခြောက် သောင်းခန့် ဈေးဆင်းသွားပါတယ်။
အိန္ဒိယနိုင်ငံကို အဓိကထား ရောင်းချနေရတဲ့ ပဲနှစ်မျိုးစလုံး ဈေးနှုန်းများ ကျဆင်းနေပေမယ့် တရုတ် အပါအဝင် ဈေးကွက်ကျယ်ပြန့်တဲ့ ပဲတီစိမ်းက နှစ်ကူးကာလမှာ ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။ ပဲတီစိမ်း ခရမ်းရွှေဝါက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တစ်ပိဿာ ၅၅၀၀ ကျပ်မှ ဇန်နဝါရီ ၃ ရက်မှာတော့ ၅၅၈၀ ကျပ်ထိ မြင့်တက်လာပါတယ်။ အခြား ပဲတီစိမ်းအမျိုးအစားတွေကတော့ ဈေးနှုန်းတည်ငြိမ်နေပါတယ်။
ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ ပြောင်းဆံဈေးနှုန်းက ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာ ၁၆၆၀မှ ၁၆၈၀ ကျပ်နဲ့ ဈေးနှုန်း ငြိမ်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်း အဓိကဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ မန္တလေး ဈေး ကွက်မှာတော့ ရက်သတ္တပတ်ကျော်အတွင်း ဗမာပြောင်းက တစ်တန် ကျပ်၂၂၆၀၀ ကျော်၊ ရှမ်းပြောင်း တစ်တန် ၁၁၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ နောက်ဆုံး ရက်သတ္တပတ်မှာတော့ ဗမာပြောင်းတစ်တန် ကျပ် ကိုးသိန်းငါးသောင်းကျော် အမြင့်ဆုံး ဈေးဖွင့်ခဲ့ပေမယ့် ဇန်နဝါရီ ၃ ရက်မှာတော့ ကျပ်ကိုးသိန်းသုံးသောင်း ဝန်းကျင်ကို ကျဆင်းလာ ပါတယ်။ ရှမ်းပြောင်းကလည်း အမြင့်ဆုံး တစ်တန် ကျပ်ကိုးသိန်းခုနစ်သောင်းငါးထောင်ကျော်မှ ကျပ်ကိုးသိန်း ခြောက်သောင်းလေးထောင် ဝန်းကျင်ကို ကျဆင်းလာပါတယ်။
နိုင်ငံတကာဈေးကွက်ကို တင်ပို့နေတဲ့ အဓိက လယ်ယာထွက်ကုန်အများစု ဈေးကျဆင်းမှုကို ကြုံနေရပေမယ့် လည်း ပြည်တွင်း အဓိကစားသုံးသည့် ပဲကြီးဈေးနှုန်းက တည်ငြိမ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာ ပဲကြီးတစ် ပိဿာ ၄၃၄၅ ကျပ်မှ ၅၁၃၅ ကျပ်အကြားဈေးဖွင့်ပါတယ်။
အဓိကလယ်ယာထွက်ကုန်အများစု ဈေးနှုန်းကျ ဆင်းမှု ကြုံတွေ့နေရသော်လည်း နှစ်သစ်ကူးပွဲတော်အမီ တရုတ်နိုင်ငံမှ ကုန်သည်များ၏ ဝယ်လိုအားကြောင့် နှမ်းနက် (စမုံ)က ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ပြည်တွင်းဈေးကွက်မှာ ၄၅ ပိဿာဝင် တစ်အိတ်ကို အမြင့်ဆုံး ခြောက်သိန်းရှစ်သောင်း ကျော် ဈေးဖွင့်ခဲ့သော နှမ်းနက်(စမုံ)က ဇန်နဝါရီ ၃ မှာ ကျပ်ခြောက်သိန်းကိုးသောင်း အထိ ဈေးတက်လာပါ တယ်။နှမ်းဖြူ(ဂျပန်)က လေးသိန်းတစ်သောင်းငါးထောင်ကျပ်မှ လေးသိန်းတစ်ထောင်ကျပ်သို့ ဈေးကျ ဆင်း ပါတယ်။
PT(AMIA)