အစာ အာဟာရ လိုအပ်ချက်များသော စပါးသီးနှံတွင် ရွက်ဖျန်းအားဆေးကို ဘယ်အချိန် အသုံးပြုကြမလဲ?
ရွက်ဖျန်းမြေသြဇာကို အမြစ်မှ အစာစုပ်ယူရန်ခက်ခဲနေသောအချိန်၊ မြေထဲတွင်အစာအာဟာရ လုံလုံလောက်လောက်မရှိချိန်၊ အာဟာရဓာတ်ချို့တဲ့မှုများဖြစ်ပေါ်ချိန်နှင့် မြေသြဇာ အသုံးပြုရန် ခက်ခဲသောအချိန်များတွင် အထူးအသုံးပြုသင့်ပါသည်။
ရွက်ဖျန်းမြေဩဇာအသုံးပြုခြင်းသည် မြေသြဇာ တိုက်ရိုက်ကျွေးခြင်းကို လျှော့ချခြင်းနှင့် အစားထိုးအသုံးပြုရန်မဟုတ်ဘဲ အပင် လိုအပ်သည့်အာဟာရဓါတ်များကို အရွက်မှတစ်ဆင့် လျှင်မြန်စွာ ရရှိနိုင်ရန် ထပ်မံဖြည့်စွက်ပေးခြင်းသာ ဖြစ်ပါသည်။
ရွက်ဖျန်းအားဆေးအသုံးပြုမည်ဆိုပါက သီးနှံပင်၏ အရွက်မှ အစာအာဟာရ လျှင်မြန်စွာရရှိစေပြီး အာနိသင်ပိုမိုမြန်မြန်ရစေနိုင်ခြင်း ၊ အစာချက်လုပ်မှုကောင်းမွန်ပြီး အမြစ်မှ အစာစုပ်ယူမှုကောင်းလာခြင်းနှင့် မြေသြဇာလိုအပ်ချက်များ လျော့ကျလာခြင်းများအပြင် ကုန်ကျစရိတ်သက်သာစေပါသည်။
သို့ဖြစ်ပါ၍ စပါးပင်များ လိုအပ်သော အာဟာရဓာတ်များ အချိန်မှီ မြန်မြန်ဆန်ဆန် ရရှိစေရန်အတွက် တင်ပို + ကောမက်အေဖိုလန် အသုံးပြုနိုင်သည်။ တစ်လသားနောက်ပိုင်း မှ စတင်၍ အနှံ မထွက်မှီ ထိသုံးပေးခြင်းဖြင့် အစာချက်လုပ်မှုအားကောင်ခြင်း စပါးအရောင်စိမ်းခြင်း ပင်ပွားများများထွက်နိုင်ခြင်းနှင့် စပါးပန်းကောင်းကောင်းပွင့်နိုင်ပြီး အစေ့အဆံအောင်မြင်စေသည်။
တင်ပို + ကောမက်ပီဖိုလန်ကို အနှံမထွက်ခင် ၅၀ ရက်သားမှာတစ်ကြိမ် ၁၅ရက်နေ ၁ကြိမ်အသုံးပြုပေးခြင်းဖြင့် အစေ့အဆံပြည့်ဝ၊ အောင်စေ့များကာ အထွက်တိုးစေနိုင်ပါတယ်။
မြန်မာ့ဩဘာတောင်သူကြီးများ အထွက်နှုန်းကောင်းတွေ ရရှိကြပါစေခင်ဗျာ ....