လာဘံ မျိုးစေ့လူးနယ်ဆေး

အယ်လ်နီညိုရာသီမှာ ပဲပင်တွေကို အထိရောက်ဆုံး ကာကွယ်အားဖြည့်ပေးမည့် အဆင့်မြင့် မျိုးစေ့လူးနယ်ဆေး လာဘံ

Larvan seed treatment
ဆေးအမည်
လာဘံ မျိုးစေ့လူးနယ်ဆေး
အသုံးပြုရမည့်ပုံစံ

ရေဖျော်ပြီး မျိုးစေ့တွင် လူးနယ်စိုက်ပျိုးနိုင်သည်

အဓိကအကျိုးကျေးဇူးများ
  • အယ်နီညို ရာသီတွင် ပဲပင်အာဟာရစုပ်ယူမှုကို လွယ်ကူစေပြီး အမြစ်ပတ်ဝန်းကျင်ရှိ အကျိုးပြုအဏုဇီဝတွေရဲ့ လုပ်ဆောင်မှုကို အားပေးကာ အမြစ်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးမယ့် NEB compound များ ပါဝင်သည်။
  • Hymexazol ပါဝင်သောကြောင့် ပဲပင်၏ မျိုးစေ့နှင့် အမြစ်ငယ်များကို ထိခိုက်စေသည့် မြေဆောင်မှိုအချို့ကို ထိန်းချုပ်ကာ အပင်ငယ်ဘဝအစကို ကာကွယ်ပေးနိုင်သည်။
  • အပင်နုနယ်စဉ်ကြုံတွေ့ရတတ်သော မျိုးစေ့ဆောင်ရောဂါများဖြစ်ကြသည့် မျိုးစေ့ပုပ်၊ ပျိုးပင်ခါးကျိုး ဖြစ်စေသော  မှိုအုပ်စုကို ထိန်းချုပ်ပြီး မျိုးစေ့နဲ့ အပင်ပေါက်များကို  ကာကွယ်ပေးသည်။
  • အပင်ရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်များ အားပေးကာ အမြစ်နဲ့ အညွန့်စတင်ဖွံ့ဖြိုးတဲ့ အချိန်မှာ အထောက်အကူပြုပေးမည့် Nitrophenol နိုက်ထရိုဖီနော ပါဝင်သည်။
  • အပင်သေ၊ အပင်ဆုံးရှုံးမှုလျော့နည်းခြင်း၊အပင်ငယ်စဉ်ကျရောက်တတ်သော ရောဂါများကို ကာကွယ်နိုင်ခြင်း၊အမြစ်ဖွံ့ဖြိုးမှုမြန်ဆန်ခြင်း၊ အကိုင်းအလက် စောစီးမြန်ဆန်စွာ ဖြစ်ပေါ်ခြင်း၊ အရွက်များစိမ်းစိုတောက်ပမှုကြာရှည်ခံခြင်း အစရှိသည့်သီးနှံအရည်အသွေးတိုး တက်မှုကိုပါ ရရှိစေပါသည်။
အကြံပြုချက်

မျိုးစေ့လူးနယ်ပြီး တညသိပ်ခြင်းမပြုရ/ မျိုးစေ့ ဆေးစီရင်ပြီး ခြောက်သည်နှင့် တန်းစိုက်ပျိုးရမည်

သုံးစွဲနည်း
  • မျိုးစေ့လူးနယ်ဆေးတစ်ထုပ်လျှင် မျိုး(၁)တင်း လူးနယ်နိုင်ပါသည်။
  • ဆေးဖျန်းပုံးတစ်ပုံး (သို့) သင့်တော်ရာ ထည့်စရာတစ်ခုတွင် ရေနို့ဆီဗူး ၄ဗူးထည့်ပါ

(သို့မဟုတ်) ၁လီတာရေသန့်ဘူးကို အသုံးပြုနိုင်သည် (ရေတလီတာထည့်ရန်မလို)

  • ဆေး (၃)မျိုးစလုံးကို ထည့်၍ သမအောင်မွှေပါ။
  • သမအောင်မွှေထားသောဆေးရည်များကို မျိုးစေ့အပုံပေါ်သို့ ညီညာစွာပက်ဖျန်း၍ လက်အိတ်(သို့) ထွန်ခြစ်ဖြင့် ပြန့်နှံ့အောင်မွှေပါ။
  • မျိုးစေ့လူးနယ်မှုပြန့်နှံ့သွားလျှင် အရိပ်ထဲတွင် ခေတ္တလေသလပ်ခံထားပြီးမှ မျိုးချစိုက်ပျိုးပါ။
Relate Crops

သက်ဆိုင်ရာ သီးနှံများအတွက်