“ပြောင်းစိုက်တောင်သူများ အဓိကသိထားသင့်သော အချက်(၇)ချက်

၁။ စပ်မျိုး
– အထွက်နှုန်းမြင့်မားပြီး ဈေးကောင်းရရှိစေရန်အတွက် ဒေသနှင့် ကိုက်ညီပြီး ကောင်းမွန်သော စပ်မျိုးများ ကို မှန်ကန်စွာ ရွေးချယ် စိုက်ပျိုးရန်

၂။ အဟာရလုံလောက်မှု
– ပြောင်းသည် အစာအာဟာရ များစွာစားသုံးသော သီးနှံဖြစ်သောကြောင့် အစေ့အဆံပြည့်ဝပြီး အထွက်နှုန်းကောင်းရန်အတွက် လုံလောက်သော N,P,K တို့အပြင် အနည်းလိုအာဟာရဓာတ်များကို လုံလုံလောက်လောက် ဖြည့်တင်းပေးရန်

၃။ မျိုးစေ့နှင့်မြေကြီး ကောင်းစွာထိတွေ့မှု
– ထွန်ရေးမညက်ပါက မြေစိုင် မြေခဲများ ရှိနေပြီး ပြောင်းစေ့မှာ မြေကြီးနှင့် ကောင်းစွာမထိတွေ့ဘဲ အပင်ပေါက်ရန် ခက်ခဲနိုင်သောကြောင့် မြေပြင်ကတည်းက အထူးသတိထားရန်

၄။ အပင်ပေါက်ညီညာခြင်း
– အပင်ပေါက်ညီညာပြီး တစ်ဧတွင် ရှိသင့်သော အပင်အရေအတွက် ပြည့်မှီမှသာလျှင် အထွက်နှုန်းမြင့်မားစေသောကြောင့် မကျဲခင်ကတည်းက အထူးသတိထားရန်

၅။ ပင်ကြား တန်းကြားညီမျှခြင်း

– ပင်ကြားတန်းကြားမညီမျှပါက ကုန်ကျစရိတ်များပြားခြင်း ၊ လေဝင်လေထွက်မကောင်း၍ ဝတ်မှုံကူးရန်ခက်ခဲ ခြင်းများ ဖြစ်စေနိုင်သောကြောင့် ပင်ကြားတန်းကြား စနစ်တကျ စိုက်ပျိုးရန်

၆။ ရာဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိမှု
– ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့များရွေးချယ်စိုက်ပျိုးရန်
– စိုက်ခင်းအတွင်း နိုက်ထရိုဂျင်ကို လိုအပ်သည်ထက် ပိုမသုံးရန်
– စိုက်ခင်းအတွင်းပိုး ကျမကျ အမြဲ စစ်ဆေးပေးရန်

၇။ မြေကြပ်ခြင်း

– စက်မှုကရိယာများဖြင့် အများပြားစိုက်ပျိုးလာသောကြောင့် မြေကြပ်ခြင်းကို ဖြစ်ပေါ်စေခြင်းကြောင့် ပြောင်းပင် အနိမ့်အမြင့်မညီကာ ထွက်နှုန်းကိုကျဆင်းစေခြင်း
– ကြားပေါင်းလိုက်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။

ပြောင်းစိုက်တောင်သူကြီးများ ခင်ဗျာ အထက်ပါအချက်များမှာ တောင်သူကြီးများ သိထားပြီးသော အချက်များ ဖြစ်နိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မေ့နေတတ်ကြသဖြင့် သတိထားမိစေရန် ပြန်လည် ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ သတိထားရန် လိုအပ်သော အချက်များ ကျန်ရှိနေပါကလည်း အခြားသော ပြောင်း စိုက်တောင်သူကြီးများလည်း သိရှိနိုင်ကြစေရန် ဆွေးနွေး ပေးကြပါအုံးခင်ဗျာ။