ယင်ဖြူအကြောင်း သိကောင်းစရာများ

စိုက်ပျိုးရေးနှင့် ဆက်နွယ်နေသော အလုပ်များ လုပ်ကိုင်နေတဲ့သူတွေအဖို့ ယင်ဖြူကတော့ စိမ်းနေမယ် မထင်ပါဘူးဗျ

သီးနှံတွေမှာ ယင်ဖြူ တိုက်ရိုက်ဖျက်ဆီးစားသောက်တာထက် ယင်ဖြူမှတစ်ဆင့် သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်ကြောင့် အပင်တွေမှာ ရောဂါဖြစ်ပြီး အထွက်နှုန်းတွေ ဆုံးရှုံးရပါတယ်

ယင်ဖြူ၏ ဘဝစက်ဝန်းသည် ပတ်ဝန်းကျင်အခြေအနေ၊ အပူချိန်၊ မျိုးပေါ်မူတည်၍ ၁၅-၃၀ ရက်အတွင်း ကြာနိုင်ပြီး အကောင်ကြီးသည် ၁-၂ လအထိ ရှင်သန်နိုင်ပါသည်။ အပူချိန်မြင့်လျှင် ဥမှ အကောင်ကြီးဖြစ်နှုန်း မြန်ဆန်သည်။ ယင်ဖြူသည် ဥများကို အရွက်၏ အောက်မျက်နှာပြင်တွင် ဥလေ့ရှိပြီး ကြီးထွားမှုအဆင့်တိုင်းကို အရွက်အောက်တွင် တွေ့နိုင်ပါသည်။

ယင်ဖြူ၏ ဖျက်ဆီးပုံလက္ခဏာ

– ယင်ဖြူသည် စုပ်စားပိုး အမျိုးအစားဖြစ်ပြီး အပင်၏ အောက်ဘက်တွင် နေ၍ စားသောက်ဖျက်ဆီးပါသည်။

– အပင်၏ ရေကြောစီးမှတစ်ဆင့် စားသောက်ပြီး အပင်ထဲကို အဆိပ်တံတွေးများ ထိုးသွင်းကာ ဖျက်ဆီးပါသည်။

– ယင်ဖြူအကျများလျှင် အပင်များ တွန့်ခြင်း၊ အရောင်ပြောင်းခြင်း၊ အရွက်များ အဝါရောင် (သို့မဟုတ်) ငွေရောင်သို့ ပြောင်းလဲသွားခြင်းတို့ ဖြစ်နိုင်ပါသည်။

– ယင်ဖြူသည် ကြီးထွားမှုအဆင့်တိုင်းမှာ အပင်၏ပင်ရည်ကို စုပ်စားပြီး Honey dew ဟုခေါ်သော စေးကပ်သည့်အချိုရည်များ စွန့်ထုတ်သည့်အတွက် နောက်ဆက်တွဲအနေနဲ့ ကြပ်ခိုးမှိုရောဂါများ ဖြစ်နိုင်ပါသည်။

– ယင်ဖြူမှ ဗိုင်းရပ်စ်များသယ်ဆောင်လာခဲ့လျှင် ရောဂါများ ဆက်ဖြစ်နိုင်ပြီး သီးနှံအထွက်နှုန်း လျော့စေပါသည်။

ကာကွယ်နှိမ်နင်းနည်း

– ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။

– စိုက်ခင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် ပေါင်းပင်များ ရှင်းလင်းဖယ်ရှားပေးပါ။

– နိုက်ထရိုဂျင်မြေဩဇာအလွန်အကျွံသုံးခြင်း ရှောင်ပါ။

– အဝါရောင်ထောင်ချောက်များ သုံးပေးပါ။

– ပိုးသတ်ဆေး အသုံးပြုလိုပါက ဆေးတစ်ပုံးလျှင် ပိုင်ဒီ ၂၀ ဂရမ်၊ ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။