စပျစ် ဒေါင်းနီးရောဂါ
စပျစ်ဒေါင်းနီးရောဂါမှာ Plasmopara viticola ကြောင့်ဖြစ်သော မှိုရောဂါဖြစ်ပြီး အထွက်နှုန်းကို များစွာ ထိခိုက်နိုင်ပါတယ်။
ပင်ပိုင်းကြီးထွားချိန်တွင် ပူအိုက်စွတ်စိုပါက ရောဂါကျလေ့ရှိသည်။ အရွက်ပေါ် ရွက်ကြောကြား၌ အဝါရောင် ထောင့်ကွက်များ၊ ဆီစွန်းကွက်များ ဖြစ်ပေါ်ပြီး ဆိုးရွာပါက ကြွေကျသွားမည်။
ရောဂါရ အညွန့်များမှာ ကုပ်၍ ကွေးသွားပြီး အဖြူရောင်ပြောင်းသွားသည်။ မကြာမီ အညိုရောင်ပြောင်းကာ သေသွားသည်။
ရွက်ညှာ၊ နှာမောင်း နှင့် ပန်းခိုင်အနုများပေါ်တွင် ရောဂါစောစွာ ကျရောက်ပါက အညိုရောင်ပြောင်း၍ ခြောက်ပြီး ကြွေကျသွာသည်။
အသီးနုများသည် ဒေါင်းနီးရောဂါ ခံနိုင်ရည်နည်းသဖြင့် ရောဂါ ကျပါက မီးခိုးရောင်ပြောင်းသွားသည်။ အသီးရင့်များပေါ်တွင် ကျပါက မျိုးအလိုက် အစိမ်းရောင် မှိုင်းမှိုင်း မှ ပန်းနီးရောင် ပြောင်းပြီး ရောဂါရ အသီးများ ( သို့မဟုတ်) သီးခိုင်တစ်ခုလုံး ကြွေကျသည်။
စပျစ်ဒေါင်းနီးရောဂါမှာ ဆောင်ခိုနိုင်ပြီး ရေ၊ လေ မှ တစ်ဆင့် ကူးစက်နိုင်သည်။ အထူးသဖြင့် စိုက်ခင်းအတွင်း ရေ၊ လေ၊ အပင် နှင့် မြေတွင် အစိုပါဝင်မှု မြင့်မားလေ ရောဂါ ဖြစ်ပွားနိုင်မှု ပိုများလေဖြစ်သည်။
ကာကွယ်နှိမ်နင်းနည်း
ရေဝပ်ပြီး အစိုမများစေရန် ရေသွင်းရေထုတ်ကောင်းလုပ်ပြုလုပ်ပေးခြင်း
မြေဩဇာအာဟာရများကို လိုအပ်သည်ထက်ပိုမသုံးခြင်း
ရောဂါဖြစ်ပြီး ကြွေကျလာသော အရွက်များကို ကောက်ယူလွှင့်ပစ်ခြင်း
ရောဂါဖြစ်နေသော အညွန့်များကို ဖြတ်ပြစ်ခြင်း
စိုက်ခင်းအတွင်း ပေါင်းရှင်းခြင်း
မှိုသတ်ဆေးသုံးမည်ဆိုပါက ပရိုပါ ၊ အိန်ဂျယ်လ် ဆေးများအသုံးပြုနိုင်ပါတယ်
စပျစ်အလုံးညီပြီး အရာသာကောင်းစေရန် ကောမက်ဗီစူပါ ကို အသုံးပြုပါခင်ဗျာ။
