ကိုင်းမြက် ( Wild Sugarcane)

သိပ္ပံအမည် –  Saccharum spontaneum L.

Common name -wild sugarcane

Family  – Poaceae

နှစ်ရှည်ခံပင်ဖြစ်ပြီး အပင်ဟာ ထောက်မတ်လျက် ပေါက်ရောက်သည်။

ပင်စည်ဟာ သေးသွယ်ရှည်လျားပြီး ပင်စည်နဲ့အရွက်များမှာ ကြမ်းတမ်းသည်။

မြေအောက်ပင်စည်မှာ အလွန်သန်မာပြီး တစ်နေရာတည်းမှ စုပြုံထွက်သည်။

ပင်စည်မှာ အစိမ်း၊ မီးခိုး၊ ဆင်စွယ် သို့ အဖြူရောင်ရှိတတ်ပြီး အလွန်မာကြောပါတယ်။

သို့သော်လည်းတစ်ခါတရံ အူတိုင်မှာ ဖော့သားပါသည့်အတွက် အခေါင်းပေါက်ပုံ မြင်တွေ့ရပါတယ်။

ပင်စည်မှ ရှည်လျားသော ပိုးမှင်ဖြူရောင်အနှံများထွက်ပါသည်။ ပန်းခိုင်မှာ လွှာသွားပုံရှိပြီး ကိုင်းဖြာပါသည်။