ဒေါင်းစပါး ၊ ဒေါင်းမြက်(Wild rice)

 

ဒေါင်းစပါး ၊ ဒေါင်းမြက်(Wild rice)
ဒေါင်းစပါး ၊ ဒေါင်းမြက်(Wild rice)

သိပ္ပံအမည် –  Oryza rufipogon Griff

Common name –  Wild rice

Family – Poaceae


တစ်နှစ်ခံ ( သို့မဟုတ်) နှစ်ရှည်ပင်မျိုးဖြစ်ပြီး အပင်ရင်းမှ ပင်ပွားများစွာထွက်သည်။

ပင်စည်သည် ဒူးစစ်ကွေးပုံသဏ္ဍာန်ပေါက်ပြီး အောက်ခြေမှ ကိုင်းဖြာထွက်သည်။

အရွက်သည် ရှည်မျောမျောလှံသွားပုံရှိပြီး ပန်းခိုင်သည် ထိပ်ထွက်ကိုင်းဖြာ အမျိုးအစားဖြစ်ပြီး အောက်သို့ ငိုက်ကျသည်။

ထပ်ဆင့်ပန်းခိုင်များသည် ခရမ်းရောင် သို့မဟုတ် အညိုရောင်ရှိသည်။

ခွံစပ်တစေ့သီးဖြစ်ပြီး နီညိုရောင်ရှိသည်။ အစေ့နှင့် မြေအောက်ပင်စည်အားဖြင့် မျိုးပွားသည်။

လယ်စပါးခင်းများတွင် အများဆုံးတွေ့ရပါသည်