စပိုင်နိုဆတ် ( Spinosad) – သဘာဝက ရတဲ့ ပိုးသတ်ဆေး
Spinosad (စပိုင်နိုဆတ်) သည် မြေဆီလွှာဘက်တီးရီးယားတစ်မျိုးမှ ရရှိသည့် သဘာဝပိုးသတ်ဆေး ဖြစ်ပါသည်။ ၎င်းသည် လူနှင့် အချိုသော သက်ရှိ သတ္တဝါများအတွက် ဘေးကင်းပြီး စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားအမျိုးမျိုးကို ထိရောက်စွာ နှိမ်နင်းပေးနိုင်စွမ်း ရှိပါသည်။
စပိုင်နိုဆတ် ဘယ်လိုဖြစ်ပေါ်လာသလဲ။
Spinosad ကို ကာရေဘီယံဒေသရှိ စွန့်ပစ်ထားသော အရက်ချက်စက်ရုံအနီး မြေဆီလွှာတွင် ပထမဆုံး တွေ့ရှိခဲ့သည့် Saccharopolyspora spinosa ဘက်တီးရီးယားမှ ထုတ်လုပ်ခြင်း ဖြစ်သည်။
-
ပါဝင်မှု: ၎င်းတွင် spinosyn A (အဓိက) နှင့် spinosyn D (အနည်းစု) ဟုခေါ်သော သက်ရှိဒြပ်ပေါင်းနှစ်မျိုးကို ၁၇:၃ အချိုးခန့် ပါဝင်အောင် ပေါင်းစပ်ထားသည်။
-
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေခြင်း: ဒြပ်ပေါင်းများသည် Spinosyn Family မှ ဖြစ်ပြီး tetracyclic ပုံစံ Cabonhydrateများဖြင့်ပေါင်းစပ်ထားသောကြောင့် သဘာဝစိုက်ပျိုးရေး (Organic Farming) တွင် သုံးစွဲရန် အလွန်သင့်လျော်ပြီး ထိရောက်မှု မြင့်မားပါသည်။
အလုပ် လုပ်ဆောင်ပုံ(Mode of Action)
Spinosad သည် ပိုးမွှားများ၏ နာဗ်ကြော(အာရုံကြော)စနစ်ကို လွန်ကဲစွာ လှုံ့ဆော်ပေးခြင်း ဖြင့် အလုပ်လုပ်သည်။
-
Nicotinic acetylcholine receptors နှင့် ပေါင်းစပ်ကာ အာရုံခံဆဲလ်များကို ပိုးကောင်မှ ထိန်းချုပ်မရဘဲ အလုပ်လုပ်စေသည်။
-
ထိုမှတစ်ဆင့် ပိုးကောင်မှာ ကြွက်သားများ အလိုအလျောက် တုံ့ဆိုင်းသွားခြင်း၊ လေဖြတ်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပေါ်စေသည်။ အများအားဖြင့် ပိုးမွှားများသည် ၁ ရက်မှ ၂ ရက်အတွင်း သေဆုံးကြသည်။ (စားသုံးမိခြင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့သည် အထိရောက်ဆုံး ဖြစ်စေပါသည်။)
🐛 နှိမ်နင်းနိုင်သည့် ပိုးမွှားများ
Spinosad သည် အင်းဆက်မျိုးစိတ်ပေါင်း (၇) ခုထက်မနည်းတွင် ထိရောက်မှုရှိပြီး အောက်ပါတို့ကို နှိမ်နင်းနိုင်သည် –
-
စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံများ: လှေးပိုး၊ရွက်လိပ်ရွက်ကပ် ၊ ပင်စည်ထိုးယင် နှင့် မွှားပင့်ကူများ
-
တိရစ္ဆာန်နှင့် လူသားများ: ခွေးနှင့် ကြောင်များတွင် တွယ်ကပ်သော လှေးများ (Fleas) နှင့် လူခေါင်းတွင် စွဲကပ်သော သန်းများ။
⚠️ သတိပြုရန်
အင်းဆက်များနှင့် နို့တိုက်သတ္တဝါများ၏ နာဗ်ကြောလက်ခံဆဲလ် ပုံသဏ္ဌာန် ကွဲပြားမှုကြောင့် Spinosad သည် လူ၊ ခွေးနှင့် ကြောင်များအတွက် အဆိပ်အတောက် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
-
ပျားများအတွက် သတိပြုရန်: ဆေးစိုနေချိန်တွင် ပျားများကို ပြင်းထန်စွာ အဆိပ်အတောက် ဖြစ်စေနိုင်သောကြောင့် ဝတ်မှုန်ကူးပေးသည့် ပိုးမွှားများနှင့် မထိတွေ့စေရန် ဆေးဖြန်းမည့် အချိန်ကို သေချာရွေးချယ်ရန် အထူးအရေးကြီးပါသည်။
စိုက်ပျိုးရေးခင်းများတွင် Spinosad စပိုင်နိုဆတ် ပိုးသတ်ဆေး အသုံးပြုခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက Myanma awba Facebook Pageတွင် ဆွေးနွေးမေးမြန်းနိုင်ပါသည်
