ဇာမနီ (ခ) ကုန်းဗေဒါ(Siam weed)
Scientific name – Chromolaena odorata (L.) R. M. King & H. Rob.
Common name -ဇာမနီ (ခ) ကုန်းဗေဒါ(Siam weed)
Family – Asteraceae
အပင်ပုံသဏ္ဌာန်
နှစ်ရှည်ခံပင်ပျော့ခြုံပင်မျိုးဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။
ခြေကြည့်ပါက စူးရှ၍ မွှေးသေ ရှိသည်။
ပျော့သော ခြုံပုတ်ပင် ဖြစ်သော်လည်း အခြေမှာ သစ်မာဆန်သည်။
အရိပ်ရနေရာတွ ကျုံလှီပြီး အခြားပင်ပိုင်းများပေါ်တွင် တွားသွားနိုင်သည်။
၂ မီတာထိ အမြင့်ရှိသည်။ ကိုင်းဖြာထွက် ပင်စည်လုံးသည်။
အမွေးကျဲကျဲပါရှိသည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။
အရွက်မှာ တြိသို့မဟုတ် ဘဲဥပုံရှိသည်။
ရွက်နားတစ်လျှောက်တွင် ကြီးသော အသွားမျာ အသွားများ ပါရှိသည်။
ပန်းခိုင်သည် ၎င်းခြားထိပ်ညီမျိုးဖြစ်ပြီး အပြာနု သို့မဟုတ် အဖြူရောင်မှ ပန်းရောင် ဖျော့ပြွန်ပုံပန်းပွင့်များဖြင့် ဖွဲ့ ထားသည်။
ပန်းခိုင်၏အဆုံးတွင် ပန်းပွင့် ၁၅-၃၅ ပွင့်ပါရှိသည်။
တစ်စေ့သီးဖြစ်ပြီး အမွေးရှိသည်။
အမြစ်မှလည်းပြန်လည်၍ အပင်သစ်ပေါက်နိုင်သည်။
ပင်ရင်းသားတက်အားဖြင့် လည်း အစေ့အားဖြင့် လည်းကောင်း မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
နှစ်ရှည်သစ်သီးခြံများ၊ သစ်တောစိုက်ခင်းများ၊ စားကျက်ခင်းများ၊ မြေလှပ်နေရာများ။
