မြူ (Fat hen)
Scientific name – Chenopodium album L.
Common name – Fat hen (မြူ)
Family – Chenopodiaceae
အပင်ပုံသဏ္ဌာန်
တစ်နှစ်ခံပင်မျိုးဖြစ်ပြီး ယာခင်းများတွင် ပျံ့နှံစွာ ပေါက်သည်။
ပင်စည်သည် ၀၂. မှ ၂ မီဝာာထိရှည်ပြီး အမွေးအနည်းငယ်ပါရှိ၍ ထောင်မတ်ပြီး ကိုင်းဖြာသည်။
မူလရေသောက်မြစ်မှ ကိုင်းများစွာ ထွက်သည်။
ဘဲဥပုံ၊ လှံသွားပုံ သို့မဟုတ် ထိပ်ဖျားချွန်၊ ပုံမမှန်သော အကွေ့အဝိုက်များပြီးသား အရွက်များသည် ရိုးတံပေါ်တွင် တစ်လှည့်စီထွက်သည်။
အရွက်နုများသည် မီးခိုးရောင်သန် အဖြူရောင်မျက်နှာပြင်ရှိသည်။
ပုံမမှန်သော ပွင့်ညှာမဲ့ပန်းခိုင် အစုလိုက် တွေ့ရသည်။
အသီး သည်တစ်စေ့သီးဖြစ်ပြီး အစေ့ကို ပါးလွှာသော အစေ့အိမ်ဖြင့် ဖုံးထားသည်။
အစေ့သည် စက်ဝိုင်း၊ ရှိပြီ ကန့်လန့်ဖြတ်လျင် ဘဲဥပုံရှိပြီး မျက်နှာပြင်ခုံးသည်။
တောက်ပြောင်ချောမွေ့သော အနက်ရောင်ရှိသည် ခစေ့အားဖြင့် မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
ယာသီးနှံခင်းများ။
