စပါးကြက်သွန်မြိတ်ပိုး (Rice Gall Midge) ကာကွယ်နှိမ်နင်းနည်း

 စပါးစိုက်ပျိုးရေးတွင် အန္တရာယ်ရှိပြီး သိသာထင်ရှားမှုမရှိဘဲ စပါးကိုဖျက်ဆီးတတ်သော ပိုးမွှားမှာ “စပါးကြက်သွန်မြိတ်ပိုး” (Rice Gall Midge) ဖြစ်ပါတယ်။ ၎င်းဟာ အရွက်ကို စားသောက်ခြင်းမဟုတ်ဘဲ အပင်၏ ကြီးထွားနယ် (Growing point) ကို တိုက်ရိုက်ဖျက်ဆီးခြင်းကြောင့် စပါးအနှံထွက်နှုန်းကို အကြီးအကျယ် ထိခိုက်စေပြီး အထွက်နှုန်းကို ဆုံးရှုံးစေပါသည်။

စပါးကြက်သွန်မြိတ်ပိုး ( Rice Gall Mite ) ဟာ family Cecidomyiidae ထဲမှာပါတဲ့ သေးငယ်တဲ့ ယင်အမျိုးအစားတစ်မျိုးဖြစ်ပြီး သူ့ရဲ့  သိပ္ပံအမည်ကတော့ Orseolia oryzae ဖြစ်ပါတယ်

အရှေ့နဲ့ အရှေ့တောင်အာရှမှာ အဓိကကျရောက်တတ်တဲ့ ပိုးတစ်မျိုးဖြစ်ပြီး ခြင်တစ်ကောင်အရွယ်အစားရှိပါတယ်။သို့သော်လည်း အနီရောင် ခြင်တစ်ကောင်နဲ့ တူပါတယ်

 

ဖျက်ဆီးပုံနှင့်ရောဂါလက္ခဏာ

ပိုးလောင်းများက စပါးပင်ရဲ့ တစ်ရှူးများကို စားသောက်ခြင်းဖြင့် စပါးပင်အား ဖျက်ဆီးပါတယ်။

 

အရွက်များနှင့် ပင်စည်များတွင် “အဖြူရောင်အညွန့်အညှောက်” (silver shoots) သို့မဟုတ် “ကြက်သွန်မြိတ်ကဲ့သို့ အညှောက်များ” (onion shoots)လို့ခေါ်တဲ့  ပုံမှန်မဟုတ်တဲ့ အဖုလေးတွေ  ဖြစ်ပေါ်လာပါတယ်

 

၄င်းဟာ စပါးပင်ကို ကြီးထွားမှုနှောင့်နှေးစေခြင်း၊ အရွက်ဧရိယာလျော့နည်းသဖြင့် အစာမချက်နိုင်သောကြောင့် အနှံမထွက်နိုင်တော့ခြင်း စသည်ဖြင့်  အထွက်နှုန်းကို များစွာ ထိခိုက်စေပါတယ်။

လောက်ကောင်ငယ်ဘဝမှာ စပါးဆဲလ်တွေကို စားသောက်ဖျက်ဆီးတဲ့အတွက် စပါးပင်ပွား    မှာ အဖုလေးတွေ ဖြစ်လာပါတယ်။ ပျိုးပင်ဘဝမှာကတည်းက ကျရောက်တတ်ပါတယ်။

စပါးကြက်သွန်မြိတ်ပိုး ကျရောက်မှုအခြေအနေ

  • မိုးအုံ့၍ စိုထိုင်းဆ မြင့်မားသောကာလတွင် ပေါက်ပွားနှုန်း အလွန်မြန်ပါတယ်

  • မိုးဦးစပါးထက် မိုးနှောင်းစပါးတွင် ပိုမိုဆိုးရွားစွာ ကျရောက်လေ့ရှိပါတယ်

  •  ပင်စည်သည် ကြက်သွန်မြိတ်ပုံစံ အခေါင်းဖြစ်လာပြီး “ငွေရောင်အညွန့်” (Silver Shoot) ထွက်လာလျှင် ပိုးကျနေပြီဖြစ်ပါတယ်။

 ပေါင်းစပ်ပိုးမွှားကာကွယ်နှိမ်နင်းရေး (IPM) နည်းလမ်းများ

(က) စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများဖြင့် နှိမ်နင်းခြင်း (Cultural Control)

  • ပိုးအများဆုံးကျရောက်မည့်အချိန်ကို ရှောင်ရှားရန် မိုးဦးစပါးကို အချိန်မီစောစော စိုက်ပျိုးပါ။

  • စပါးခင်းတစ်ဝိုက်ရှိ ပေါင်းမြက်များသည် ပိုး၏ ခိုအောင်းရာနေရာများ ဖြစ်သဖြင့် ရှင်းလင်းပေးပါ။

  • ယူရီးယား (နိုက်ထရိုဂျင်) မြေဩဇာကို အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ပါ။ ပိုတက်ရှ် မြေဩဇာကို သင့်တင့်စွာ ထည့်သွင်းပေးခြင်းက အပင်ကို ပိုမိုသန်မာစေပြီး ပိုးဒဏ်ကို ခံနိုင်ရည်ရှိစေသည်။

(ခ) ဇီဝ‌‌(Biological Control)

  • သဘာဝအကျိုးပြုပိုးမွှားများ (ဥပမာ – နကျယ်ကောင်) ပေါက်ပွားလာအောင် စိုက်ခင်းပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ ပြင်းထန်သော ပိုးသတ်ဆေးများကို လိုအပ်မှသာ သုံးပါ။

(ဂ) ဓာတုဗေဒနည်းစနစ် (Chemical Control)

  • မီးထောင်ချောက်များ အသုံးပြု၍ ဖလံကောင်များ ကျရောက်မှုရှိမရှိ စောင့်ကြည့်ပါ။

  • ပိုးအကောင်ကြီးများ စတင်ကျရောက်ချိန်တွင် ပင်လုံးပြန့်ပိုးသတ်ဆေးများကို အသုံးပြုပါ။ အပင်အတွင်းပိုင်းအထိ ဝင်ရောက်နေသော ပိုးလောက်ကောင်များကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။

အကြံပြုချက်

 “ငွေရောင်အညွန့်” (Silver Shoot) ထွက်လာမှ သိရပါက အချိန်နှောင်းသွားတတ်ပါသည်။ ထို့ကြောင့် ပုံမှန်ကွင်းဆင်း စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

စပါးကြက်သွန်မြိတ်ပိုး ကာကွယ်ရေးအတွက် အသေးစိတ် သိရှိလိုပါက သို့မဟုတ် သင့်စိုက်ခင်းအတွက် စနစ်တကျ ပြုစုနည်းလမ်းများကို ဆွေးနွေးလိုပါက Myanma Awba Facebook Page သို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။