စပါးဆစ်ပိုး (Paddy Stem Borer) ကာကွယ်နှိမ်နင်းနည်း

စပါးစိုက်ပျိုးသူ တောင်သူဦးကြီးများအတွက် တစ်နှစ်ပတ်လုံး ဒုက္ခပေးနေတတ်သော ဖျက်ပိုးမှာ “စပါးဆစ်ပိုး” ဖြစ်သည်။ အထူးသဖြင့် အနှံထွက်ချိန်တွင် အနှံများဖြူပြီး စပါးစေ့မအောင်ခြင်းကြောင့် အထွက်နှုန်းကို အကြီးအကျယ် ထိခိုက်စေပါသည်။ မြန်မာနိုင်ငံတွင် အဝါရောင်ဆစ်ပိုးနှင့် ပန်းရောင်ဆစ်ပိုးတို့သည် အဆိုးဆုံး ဖျက်ဆီးတတ်ကြသည်။

၁။ ပိုးကျရောက်မှု လက္ခဏာများ

စပါးဆစ်ပိုး ကျရောက်မှုကို အချိန်မီသိရှိရန် အောက်ပါလက္ခဏာများကို စောင့်ကြည့်ပါ –

  • ပျိုးပင်အဆင့်
  • ပင်ပွားများကို ကိုက်ဖြတ်စားသောက်ခြင်းကြောင့် အပင်အူတိုင်ပုပ် (Deadheart) ဖြစ်ပြီး ညှိုးကျသွားသည်။

  • အနှံထွက်ချိန်
  • အနှံထွက်ခါနီး သို့မဟုတ် အနှံထွက်ချိန်တွင် ပင်စည်ကို ဖောက်ဖြတ်စားသောက်ခြင်းကြောင့် အနှံများ စပါးစေ့မအောင်ဘဲ အဖြူရောင် (White Head) ဖြစ်ပြီး ပေါ့သွားသည်။

 ၂။ ကာကွယ်နှိမ်နင်းနည်းလမ်းများ

  • စိုက်ခင်းကို နေ့စဉ်‌စောင့်ကြည့်စစ်ဆေးပါ။

  • အရွက်များပေါ်တွင် ဆစ်ပိုးဥမြုံများ တွေ့ရှိပါက ချက်ချင်းကောက်ယူဖျက်ဆီးပါ။ ဥမြုံများကို အချိန်မီဖျက်ဆီးခြင်းသည် ဆစ်ပိုးအသစ်ပေါက်ဖွားမှုကို အကောင်းဆုံး လျှော့ချပေးနိုင်သည်။

  • ပိုးဥမြုံများသည် အပင်အောက်ခြေတွင် ရှိတတ်သောကြောင့် စိုက်ခင်းထဲကို ရေခပ်မြင့်မြင့် သွင်းပေးခြင်းဖြင့် ပိုးဥများကို ရေနစ်သေစေပြီး ဆစ်ပိုးပေါက်ဖွားမှုသံသရာကို ဖြတ်တောက်နိုင်သည်။

  • နိုက်ထရိုဂျင် မြေသြဇာကို အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ပါ။ ပိုတက်ဆီယမ် မြေဩဇာကို မဖြစ်မနေ ထည့်သွင်းပေးခြင်းဖြင့် စပါးပင်ကို ပ်ုသန်မာစေပြီး အစေ့အဆံအောင်ပြီး ရောဂါပိုးဒဏ်ကို ခံနိုင်ရည်ရှိစေသည်။

ဓာတုနည်းလမ်းဖြင့် နှိမ်နင်းနည်း

  • မီးထောင်ချောက်
  •  အရွယ်ရောက်ပြီး ဖလံကောင်များကို နှိမ်နင်းရန် မီးထောင်ချောက်များ ထွန်းပေးပါ။

  • ပိုးသတ်ဆေးအသုံးပြုခြင်း
  • စပါးအုံ တစ်အုံတွင် အကောင်ကြီး အဆင့် ၁ကောင် စတင်တွေ့ရှိပါက ဓာတုပိုးသတ်ဆေး ဖျန်းနိုင်သည်။

    • “ဇွန်ဘီ သို့မဟုတ် “ဖိုင်းရား ကဲ့သို့သော ဆစ်ပိုးအတွက် အထူးထိရောက်သည့်ဆေးများကို ဖျန်းနိုင်ပါသည်။

      •  အထူးသတိပြုရန်

      • ဆေးယဉ်ပါးမှု မဖြစ်စေရန် ဆေးကို တစ်မျိုးတည်း အမြဲမသုံးပါနှင့်။ အုပ်စုကွဲအောင် တစ်လှည့်စီ အသုံးပြုပါ။

နိဂုံးချုပ်

စပါးဆစ်ပိုးအတွက် “ဥမြုံတွေ့တာနဲ့ ဖျက်ဆီးပစ်ခြင်း” ကြိုတင်ကာကွယ်မှုသည် အထွက်နှုန်းကို အာမခံချက် အရှိဆုံးဖြစ်သည်။ မိမိစပါးခင်းကို စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းဖြင့် တောင်သူဦးကြီးများ၏ စပါးခင်းများ ပိုးမွှားကင်းစင်ပြီး အထွက်နှုန်းကောင်းကြပါစေ။

 စပါးဆစ်ပိုးနှင့် အခြားသီးနှံပိုးမွှားများအကြောင်း ပိုမိုသိရှိလိုပါက Myanma Awba Facebook Page ရှိ စိုက်ပျိုးရေးပညာရှင်ထံသို့ အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်ခင်ဗျာ။