ပဲခင်းထဲက သီးလုံးဖောက်ပိုး(ပွင့်ထွေးပိုး) ကာကွယ်နှိမ်နင်းနည်း
မတ်ပဲ ပဲတီစိမ်းစိုက် တောင်သူဦးကြီးများအနေဖြင့် ပဲပန်းပွင့်ချိန်တွင် သတိထားရမည့် ပိုးတစ်မျိုးမှာ ပဲ သီးလုံးဖောက်ပိုး ( ပွင့်ထွေးပိုး ) ဖြစ်ပါသည်။
ပွင့်ထွေးပိုးတွင်
ဥ၊ သားလောင်း(လောက်ကောင်)၊ ရုပ်ဖုံး၊ အကောင်ကြီးဟူ၍ အဆင့် ၄ ဆင့်ရှိသည်။
ပင်စည်၊ အရွက်နု၊ အပွင့်၊ အသီးတွေပေါ်မှာ ဥ ချပြီး သားလောင်းမှာ အသီးအပွင့်အပင်များကို စားသောက် ဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
အပွင့်အဖူးများတွင် ချဉ်မျှင်ရက်ပြီး ဖျက်ဆီးသည်။
လောက်ကောင်ဟာ ပန်း ၄-၆ ပွင့်ထိ ဖျက်ဆီးစားသောက်နိုင်သည်။
ပင်စည် ၊ အညွန့်ထိပ်၊ သီးတောင့်တွေကို ထိုးဖောက်စားသည်။
ပဲတောင့်မှာ ၉ စေ့လောက်ပါရင် ၂စေ့လောက် ကျန်သည်အထိ စားသောက်သည်။
ပန်းစပွင့်ကတည်းက ဖျက်ဆီးမှုကြောင့် သီးတောင့်တွေပုံပျက်နေခြင်း၊ အစေ့အဆံ အရည်အသွေးကျဆင်းခြင်း၊ အပင်ပေါ်တွင်အညစ်အကြေးများကို တွေ့ရှိရမည်။
ပွင့်ထွေးပိုးများကို ကာကွယ်နှိမ်နင်းနည်း
နှံစားပြောင်း၊ ပဲလွန်း၊ ပြောင်း သီးနှံများဖြင့် သီးညှပ်စိုက်ပေးခြင်း
ဖျက်ပိုးများမခိုအောင်းနိုင်စေရန် စိုက်ခင်းအတွင်း ပေါင်းများရှင်းပေးခြင်း
အလင်းထောင်ချောက်များ ပြုလုပ်ခြင်း
ဥမြုံများနှင့်လောက်ကောင်များအား လက်ဖြင့် ကောက်ယူဖျက်ဆီးခြင်း
ပန်းမပွင့်ခင် တစ်ပတ်အကြိုကတည်းက ဆေးဖျန်း ကာကွယ်သင့်ပါတယ်
ပိုးကျရောက်မှုအပေါ်မူတည်ပြီး ဆေးတစ်ပုံးလျှင် ငှက်ကြီးတောင်၊ ဇိုင်ကလုံး၊ ယက္ခ ဆေးတစ်မျိုးမျိုးအသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ပဲစိုက်တောင်သူကြီးများခင်ဗျာ ပဲပန်းပွင့်ချိန်မှာ ပွင့်ထွေးပိုးရန်မှ ကာကွယ်နှိမ်နင်းပြီး အရည်သွေးမြင့်မားသော ပဲများ စိုက်ပျိုးထုတ်လုပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
ပဲတွင် ကျရောက်တတ်သော ရောဂါပိုးများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ဩဘာ Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
