မတ်ပဲ၊ ပဲတီစိမ်း တွင် အထူးသတိထားသင့်သော ရောဂါများ
ရွက်ပြောက်ရောဂါ
အရွက်ပေါ်တွင် အဝါရောင် အပြောက်ငယ်များအဖြစ် စတင်တွေ့ရ၍မကြာမီ ကျယ်ပြန့်လာကာ အပေါ်မျက်နှာပြင်တွင် အညိုဖျော့ (သို့)မရမ်းဖျော့ရောင် ပြောင်းသွားသည်။ အောက်မျက်နှာပြင်တွင် မရမ်းရောင် အကွက်အဖြစ် တွေ့ရသည်။ အနာကွက် ကျယ်ပြန့်လာခြင်း၊တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခြင်းကြောင့် ပိုမို ကျယ်ပြန့်လာကာနောက်ဆုံးတွင် ခြောက်သွားသည်။ ပူအိုက်စွတ်စိုသော ရာသီတွင်ပြင်းထန်စွာ ကျလေ့ရှိသည်။
ယူနတီ (သို့မဟုတ်) ပရိုဝမ်း သုံး၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
သံချေးရောဂါ
အပင်ငယ်စဉ်မှ ခူးဆွတ်ရိတ်သိမ်းချိန်အထိ ကျရောက်သည်။ အရွက်နှင့် အသီးတောင့်များပေါ်တွင် နီညိုရောင် အဝိုင်းပုံ အဖုလေးများ ဖြစ်ပေါ်လာပြီး ရောဂါပြင်းထန်ပါက အရွက်များ စိမ်းဝါရောင်မှ အဝါရောင်သို့ ပြောင်းလာကာ တစ်ရွက်လုံးခြောက်သွားသည်။
ဆေးသုံးမည်ဆိုပါက ယူနတီဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ဖားဥမှိုရောဂါ
အရွက်ရင့်များ၏ အပေါ်မျက်နှာပြင်တွင် အမည်းရောင် အရောင်မညီ
အကွက်အပြောက်များ ဖြစ်ပေါ်လာသည်။ ထိုအကွက်များသည် သေး
ငယ်သော အဖြူရောင် အကွက်များဖြစ်လာပြီး အရွက်မျက်နှာပြင်
တစ်ခုလုံး ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ ဖြူဖွေးနေသည်။ ရောဂါပြင်း
ထန်ပါက တစ်ပင်လုံး ဖြူဖွေးနေပြီး အရွက်များပုံပျက်ကာ ဝါဖျော့လာ
သည်။ အသီးတောင့်များ သေးငယ်ပြီး တွန့်လိမ် ခြောက်သွေ့သွား
သည်။
ယူနတီ (သို့မဟုတ်) ပရိုဝမ်း သုံး၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ရွှေဝါရောင် မိုဇေ့ရောဂါ
အရွက်နုများတွင် အဝါပြောက်ငယ်များအဖြစ် စတင်တွေ့ရသည်။
တဖြည်းဖြည်း အရေအတွက် များလာခြင်းနှင့် ကျယ်ပြန့်လာခြင်းကြောင့်အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ ဖြစ်လာသည်။
နောက်ဆုံးတွင် တစ်ရွက်လုံးဝါသွားသည်။ အရွက်နုများမှတစ်ဆင့်
အရွက်ရင့်များသို့တိုင် ကူးစက်ပြီး တစ်ပင်လုံးရှိ အရွက်များ ဝါသွား
သည်။ သီးတောင့်ဝင်ချိန်ဖြစ်ပါက သီးတောင့်မှ အဝါရောင်ပြောင်း၍
အစေ့တည်မှု မရှိသလောက် ဖြစ်သွား၍ အထွက်သိသာစွာ လျော့နည်းစေပါသည်။
ကာကွယ်နှိမ်နှင်နည်း
ရောဂါရအပင် စတင်တွေ့လျှင် တွေ့ချင်း နှုတ်ပစ်ပါ။ ရောဂါကူးစက်ပြန့်ပွားစေသည့် ယင်ဖြူကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ။ နောက်ကျစိုက်ခြင်းရှောင်ပါ။ ရောဂါဒဏ်ခံနိုင်သည့်မျိုး စိုက်ပါ။ သို့မဟုတ် ပဲမျိုးရင်းဝင် မဟုတ်သည့် သီးနှံများနှင့် အလှည့်ကျ စိုက်ပါ။ အလေ့ကျပေါက်သည့်ပဲမျိုးရင်းဝင် အပင်များနှင့် ကရင်မပန်းဖူး (ခွေးသေးပန်း) ပေါင်းပင်များကို ထိရောက်စွာ နှုတ်ယူ ဖယ်ရှားပါ။
ယင်ဖြူကို ဘက်တား (သို့မဟုတ်) ပိုင်ဒီ သုံးခြင်းဖြင့် ကာကွယ် နှိမ်နင်းပါ။
