ပဲခင်းထဲက သီးလုံးဖောက်ပိုး(ပွင့်ထွေးပိုး)Maruca vitrata (Maruca testulalis)
ဥ၊ သားလောင်း(လောက်ကောင်)၊ ရုပ်ဖုံး၊ အကောင်ကြီး အဆင့် ၄ ဆင့်ရှိသည်
ပင်စည်၊ အရွက်နု၊ အပွင့်၊ အသီးတွေပေါ်မှာ ဥ အုချပြီး သားလောင်းမှာ အပင်အသီးအပွင့်များကို ဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
အပွင့်အဖူးတွေမှာ ချဉ်မျှင်တွေရက်ပြီး ဖျက်ဆီးသည်။
လောက်ကောင်ဟာ ပန်း ၄-၆ ပွင့်ထိ ဖျက်ဆီးစားသောက်နိုင်သည်။
ပင်စည် ၊ အညွန့်ထိပ်၊ သီးတောင့်တွေကို ထိုးဖောက်စားသည်။
ပဲတောင်မှာ ၉ စေ့လောက်ပါရင် ၂စေ့လောက် ကျန်သည်အထိ စားသောက်သည်
ပန်းစပွင့်ကတည်းက ဖျက်ဆီးမှုကြောင့် သီးတောင့်တွေပုံပျက်နေခြင်း၊ အစေ့အဆံ အရည်အသွေးကျဆင်းခြင်း၊ အပင်ပေါ်တွင်အညစ်အကြေးများကို တွေ့ရှိရမည်။
ကာကွယ်နှိမ်နင်းနည်း
နှံစားပြောင်း ပဲလွန်း ပြောင်း သီးနှံတွေ သီးညှပ်စိုက်မယ်။
ဖျက်ပိုးများမခိုအောင်းနိုင်စေရန် စိုက်ခင်းအတွင်း ပေါင်းများရှင်းပေးခြင်း၊
အလင်းထောင်ချောက်များ ပြုလုပ်ခြင်း၊
ဥမြုံများနှင့်လောက်ကောင်များအားလက်ဖြင့်ကောက်ယူဖျက်ဆီးခြင်း၊
ပန်းမပွင့်ခင် တစ်ပတ်အကြိုကတည်းက ဆေးဖျန်း ကာကွယ်သင့်ပါတယ်။
အလန်း ၊ဇိုင်ကလုံး၊ ယက္ခ ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
