ပိုတက်ဆီယမ်ချို့တဲ့မှုနှင့်အတူ အဖြစ်များလာတဲ့ စပါး ဘက်တီးရီးယားရောဂါများ
စပါးစိုက်ရာသီမှာ မြေဩဇာ အသုံးပြုရန် အခက်အခဲအမျိုးမျိုးကြောင့် ပုလဲ မြေဩဇာအသုံးပြုမှု များလာပြီး ပိုတက်အသုံးပြုမှုနည်းလာတဲ့အခါ အာဟာရချို့တဲ့မှုအပြင် ရောဂါများ ဝင်ရောက်လာတာကို တွေ့ရပါတယ်။
အထူးသဖြင့် စပါးဗိုက်လုံးခါနီးနှင့် ဗိုက်လုံးချိန်မှာ ဘက်တီးရီးယားရောဂါများ အဖြစ်များလာတာကိုတွေ့ရပါတယ်။
ဘက်တီးရီးယား ရွက်ခြောက် ၊ ရွက်စင်း နှင့် ရွက်ဖုံးပုပ် ရောဂါများ အဖြစ်များလာပြီး ဘီလီယံ ၊ ကျူပရောက်ဆက်ဆေးများ အသုံးပြုနိုင်ပါတယ်။
ဘက်တီးရီးယားဆေးသုံးပေးသည့်အပြင် အပင်အတွက်လိုအပ်သော အာဟာရ ညီမျှစွာမရရှိသည့်အခါ ပိုတက်ချို့တဲ့ခြင်းမှ တစ်ဆင့် ရောဂါများ ဝင်ရောက်လာတဲ့အတွက် ပိုတက်ပါသော ကွန်ပေါင်းမြေဩဇာများကို မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။
အစာလည်းဆေး ဆေးလည်းအစာ ဆိုသောစကားအတိုင်း သီနှံများကို အာဟာရ အချိုးကျကျွေးမှသာ အထွက်တိုးနိုင်ပါမည်။
အထူးသဖြင့် မှိုကပ်ချိန်၊ ဗိုက်လုံးချိန်၊ ပန်းပွင့်ချိန်များတွင် ရောဂါကင်းပြီး အစာအာဟာရလုံလောက်မှသာလျှင် စပါးအထွက်တိုးနိုင်သည့်အတွက် အစေ့အဆံ အောင်ပြီး ရင့်မှည့်မှု့ညီညာ၍ ရောဂါကျရောက်မှုသက်သာစေရန် နှင့် ရာသီဥတုဒဏ် ခံနိုင်စေရန် ပိုတက်အချိုးမြင့် မြေဩဇာ ရွှေကောမက် ( ၁၁- ၂၀- ၂၀ ) ထည့်သွင်းပေးဖို့ အကြံပြုလိုပါတယ်။
ဘက်တီးရီးယားရောဂါကင်းစင်ပြီး စပါးအထွက်တိုးကြပါစေခင်ဗျာ။
