စပါးခင်းများတွင် နီတို(သံဆိပ်)သင့်ရခြင်းအကြောင်း
စပါးစိုက်တောင်သူကြီးများ ခင်ဗျာ ဦးကြီးတို့ စပါးစိုက်ခင်းများတွင် သံဆိပ်သင့်ခြင်းလက္ခဏာကို မကြာခဏ တွေ့ဖူးကြမည်ထင်ပါတယ်။ သံအဆိပ်သင့်မှုဖြစ်စေသော အဓိက အကြောင်းအရာများမှာ –
မြေထဲတွင် သံဓာတ်ပါဝင်မှု့များခြင်း
ရေထုတ်ရခက်ခဲသဖြင့် အမြဲဓာတ်လျော့ပုံစံဖြစ်နေခြင်း
မြေဆီလွှာထဲတွင် P,K,Mg,Ca စသည့် ဓာတ်အဖို များ နည်းနေခြင်း
မဆွေးမြေ့သော Organic Matter များ များပြားခြင်း တို့ကြောင့်ဖြစ်ပါတယ်။
စပါးတွင် (နီတို) သံဓာတ်အဆိပ်သင့်ခြင်းကြောင့် စတင်ဖြစ်ပေါ်သော လက္ခဏာများမှာ –
စပါးပင်အောက်အရွက်များတွင် သေးငယ်သော အညိုရောင်အစက်များ စတင်ဖြစ်လာကာ အရွက်ထိပ်ပိုင်းမှ တစ်ရွက်လုံးပြန့်နှံ့သွားခြင်း
အရွက်သည် လိမ္မော်ရောင်မှ အညိုရောင်သို့လဲ ပြောင်းလဲသွားခြင်း
အမြစ်မျက်နှာပြင်များမှာ အိုင်းယွန်းဆာလဖိုဒ် (Fe2S) ကြောင့် အမဲရောင်များဖြစ်ပေါ်စေပြီး အပင်ကြီးထွားမှု ရပ်ဆိုင်းကာ ပင်ပွားများနည်းလာစေခြင်း
စပါးတွင် (နီတို) သံဓာတ်အဆိပ်သင့်ခြင်းကို ပြန်လည်ကုသခြင်း
စိုက်ကွက်အတွင်းမှ ရေတစ်ပတ်လောက်ထုတ်ပေးခြင်းဖြင့် ရေပြန်သွင်းသည့်အခါ စိုက်ကွက်တွင်လေရရှိကာ စပါးပင်အတွင်း ဝင်ရောက်နိုင်သည့် သံမှုန်များ မFe++ ကို အခဲ Fe+++ပြန်ဖြစ်စေသည်။
ရေထုတ်ရန်မလွယ်ကူသော စိုက်ကွက်များတွင် (K) ပါသော ဓာတ်မြေသြဇာ နှင့် ကယ်လ်စီယမ် (Ca) ပါသော ကောမက်ဂျစ်ဆမ် ဓာတ်မြေသြဇာ များကိုထည့်ပေးခြင်းအားဖြင့်လည်း ကုသနှိမ်နင်းနိုင်ပါသည်။
သံဆိပ်သင့်နေသော စပါးခင်းများတွင် နိုက်ထရိုဂျင်ပါဝင်သော မြေသြဇာများအသုံးပြုမှုကို ရှောင်ရှားရပါမည်။
စပါးစိုက်တောင်သူကြီးများ စပါးသံဆိပ်သင့်ခြင်းမှ ကင်းဝေးပြီး စပါးအထွက်တိုးနိုင်ကြပါစေခင်ဗျာ။
