ကြက်သွန် ဘောင်စိုက်နှင့်ကျင်းစိုက်စနစ်၏ အားသာချက်နှင့်အားနည်းချက်များ

ကြက်သွန် ဘောင်စိုက်နှင့်ကျင်းစိုက်စနစ်၏ အားသာချက်နှင့်အားနည်းချက်များ
စိုက်ပျိုးမည့် မြေအမျိုးအစားပေါ်မူတည်၍ ဘောင်စနစ်၊ ကန်သင်းဖော်စနစ် တို့ဖြင့်စိုက်ကြသည်။
သဲချောင်းများတွင် စိုက်သောကြက်သွန်များကို ဓာတ်စိုက် စိုက်ကြပြီးရေဖျန်းစနစ်ဖြင့်စိုက်ပျိုးသည်။
မြေစေးဆန်သောရွှံ့စေး စနယ်မြေအမျိုးအစားတွင်ဘောင်စနစ်ဖြင့်စိုက်ပျိုးကြသည်။
၂ ပေအကျယ်ထယ်ကြောင်း(မြောင်း)ဖော်ပြီး ၃ပေ အကျယ် ဘောင်များ ပြုလုပ်ပြီး စိုက်ကြသည်။
မြောင်းကြားရေသွင်းစနစ်ဖြစ်သည်။ ရေသွင်းမြောင်း၊ လူလျှောက်လမ်းမှာ နေရာယူသဖြင့် အပင်ဦးရေဝင်ဆန့်မှုနည်းသော်လည်း ရေသွင်း၊ ဆေးဖျန်း၊ မြေဆီကျွေး၊ ပေါင်းသင်ခြင်းများပြုလုပ်ရန်လွယ်ကူသည်။
သဲနုန်းဆန်သောမြေအမျိုးအစားများတွင် ကန်သင်းဖွဲ့(ကျင်းဖွဲ့)စိုက်ပျိုးကြသည်။
ကန်သင်းဖွဲ့၍စိုက်မည်ဆိုပါက ၉’ x ၆’ ပေ ကျင်း(သို့) ၆’ x ၆’ပေ ကျယ်သည့်ကျင်းများပြုလုပ်ကြရသည်။
ရေသွင်းစိုက်ပျိုးသည့်စနစ်ဖြစ်၍ရေသွင်းမြောင်းများကိုနှစ်ကျင်းကျော် တစ်မြောင်းဖောက်ရသည်။ ကျင်းစိုက်စနစ်ဖြစ်၍ ရေသွင်းချိန်တွင်ရေပေး ရေယူအထူးသတိထားရသည်။
ကျင်းစနစ်သည်အပင်ဦးရေပိုဝင်၍အထွက်နှုန်းမှာ ဘောင်စနစ်ထက်ပိုပါသည်။ သို့သော ရေသွင်းခြင်း၊ ဆေးဖျန်းခြင်း၊ မြေဆီကျွေးခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် လူသွားလမ်းမရှိသောကြောင့် အနည်းငယ် ခက်ခဲနိုင်သည်။
စိုက်စနစ်အားလုံးတွင် တန်းကြား(၄-၅)လက်မ၊ ပင်ကြား(၃)လက်မ စိုက်ရပါမည်။
တစ်ချို့နေရာတွေမှာ ဘောင်၊ ကျင်းတွေ ကို မလုပ်ဘဲ ပြင်အတိုင်း စိုက်ပျိုးသူများလည်း ရှိပါတယ် ။ ရေဖျန်း ပိုက်နေရာ ၁၀ လက်မ လောက် တန်း အလွှတ်ထား၍စိုက်ကြသည်။ ကြက်သွန် တန်းအကျယ်က ၆ – ၈ပေ ခန့် ပြီး တန်းကြား(၄-၅)လက်မ၊ ပင်ကြား(၃)လက်မ စိုက်ပျိုးကြသည်။ အပင်ဝင်ဆံ့မှု များသည်။ အားသာချက်မှာ မြေပြင်စာရိတ်သက်သာခြင်း၊ အပင်ဝင်ဆံ့မှုများသောကြောင့် ကုန်ချိန် ပိုထွက်သည်။ အားနည်းချက်မှာ ရေ ပိုက်စာရိတ် နှင့် ရေတင်ခ ရှိသည်။