မြေပဲသီးနှံတွင် စိုးရိမ်စရာဖြစ်လာသော ဖိုးလမင်းကျိုင်း

ဖိုးလမင်းကျိုင်းများ၏ သားလောင်းများသည် ယခင်နှစ်များတွင် မြေပဲပင်၏ အမြစ်များကိုသာ ကိုက်ဖြတ်စားသုံးကြသည်။ ယခုနှစ်များတွင် မြေပဲပင်၏အမြစ်များကိုသာမက မြေပဲတောင့်များကိုပါ ဆိုးရွားစွာ ကိုက်ဖြတ်စားသုံး လာကြပါသည်။ ဆိုးရွာစွာကျရောက်သောအခင်းများတွင် မြေပဲတောင့်များ မကျန်သည်အထိ ကိုက်ဖြတ်စားသုံးသည့်အတွက် မြေပဲအထွက်နှင့် အရည်အသွေးကို များစွာ ထိခိုက်လာပါတယ်။

ဖိုးလမင်းကျိုင်း၏ ဘဝစက်ဝန်း

ဥအဆင့် – အရွယ်ရောက်ပြီးသောကျိုင်းကောင်များသည် ညနေခင်းတွင် မိတ်လိုက်ကြပြီး အမတစ်ကောင်သည် စားသုံးမည့် အပင်အနီးမြေကြီးထဲတွင် ၁၅ -၂၀ ဥခန့် ဥကြပါသည်။ ဥများသည် သေးငယ်သော အဖြူရောင် ဘဲဥပုံစံများရှိကြပြီး ၃ ပတ်ခန့်အကြား၌ အကောင်ပေါက်သည်။

သားလောင်းအဆင့် – သားလောင်းအဆင့်မှာ အညိုရောင်းဦးခေါင်း ၊ အဖြူရောင်ခန္ဓာကိုယ်နှင့် ခြေထောက်သုံးစုံ ပါရှိသည်။ ထိုအဆင့်တွင် မြေပဲပင်၏ အမြစ်နှင့် မြေပဲတောင့်များကို စားသုံးကြပါသည်။ အေးသောရာသီတွင် မြေအနက်ပိုင်းသို့ ပြောင်းရွေ့နေထိုင်ကြပါသည်။ ပူသောရာသီတွင် အပေါ်သို့တက်လာပြီး သီးနှံပင်များကို စားသုံးကြပါသည်။ဤပုံစံအတိုင်း ရုပ်ဖုံးအဆင့်မတိုင်မှီ ၂ နှစ်ခန့်ကြာသည်အထိ နေထိုင်စားသောက်ကြပါသည်။

ရုပ်ဖုံးအဆင့် – လောက်ကောင်ကြီးများသည် မေလ ပတ်ဝန်းကျင်၌ ရုပ်ဖုံးအဆင့်သို့ ကူးပြောင်းကြပါသည်။ရုပ်ဖုံးအရောင်မှာ အဖြူ ၊ အဝါရောင်မှိန်မှိန် (သို့) အညိုရင့်ရောင် တို့ဖြစ်ကြပါသည်။

အရွယ်ရောက်အဆင့် – ရက်သတ္တပတ် အနည်းငယ်အကြာ၌ ရုပ်ဖုံးမှ အရွယ်ရောက်ကျိုင်းကောင်းများ ပေါ်ထွက် လာကြပါသည်။ သို့သော် နောက်တစ်နှစ်အထိ မြေကြီးထဲတွင် နေထိုင်ကြသည်။ မေ (သို့) ဇွန်လ တွင်မြေထဲမှ ထွက်လာပြီး ညတွင် အရွက်နှင့် အပွင့်များကို ကိုက်ဖြတ်စားသုံးကြသည်။

ကာကွယ်နှိမ်နင်းနည်းများ

အရွယ်ရောက်ကျိုင်းကောင်များကို ဆွဲဆောင်ရန် ပဲပုတ်ပင်ကဲ့သို့သော ထောင်ချောက်ပင်များ စိုက်ပျိုးခြင်းဖြင့် မြေပဲခင်း၌ ဖိုးလမင်းကျိုင်းဥ ဥနှုန်းကို လျော့ချနိုင်ပါသည်။ ပဲမျိုးရင်းဝင် မဟုတ်သောသီးနှံများကို သီးလှည့်စိုက်ပျိုးခြင်းဖြင့် ကျိုင်းကောင်၏ ဘဝစက်ဝန်းကို ဖျက်ဆီးနိုင်ပါသည်။

ဖိုးလမင်းကျိုင်းကာကွယ်နှိမ်နင်း ရန်အတွက် တော်ပီဒို ၃ ဂျီအာ ပိုးသတ်ဆေးခဲ အထုပ်ကို သီးနှံပင်မစိုက်မှီ စိုက်ကြောင်းထဲသို့ထည့်ရပါမည်။
တစ်ဧကဆေးနှုန်းထားမှာ ၄-၆ ကီလိုနှုန်းအသုံးပြုရပါမည်။

တောင်သူဦးကြီးများအားလုံး သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ကြပါစေ ခင်ဗျာ။