ဂန္ဓမာပန်း အရည်အသွေးကောင်းဖို့ စနစ်တကျ ဆေးသုံးစို့

ဂန္ဓမာပန်း အရည်အသွေးကောင်းပြီး ဈေးကွက်ဝင်ဖို့ ရန်အတွက် အစာအာဟာရများကို စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်ပါသည်။ အပင်အခြေတည်စကာလ၊ အရွက် အကိုင်း ပြန့်ကားဖြာထွက်လာသောကာလ၊ ပွင့်ဖူးစတင်လာသောကာလ၊ ပန်းခိုင်ထွက်လာသောကာလ အစေ့တည်ကာလနှင့် ရင့်မှည့်ကာလ ဟူ၍ ကာလ ၅ပိုင်း ရှိပါသည်။ အပင်အခြေတည်စကာလ၊ အရွက်အကိုင်း ပြန့်ကားကြီးမားလာသောကာလ၊ အပွင့်ဖူး စတင်လာ သောကာ လများသ ည် မြေသြဇာသုံးစွဲရမည့် အထိရောက်ဆုံး ကာလအပိုင်းအခြားဖြစ်ပါသည်။

အားကောင်းသော ပွင့်ဖူးစတင်နိုင် စေရန်အတွက် ပင်စည်ရိုးတုပ်ပြီး အရွက်များအကိုင်းများ ပြန့်ထွက် အား ကောင်းစေရန် အပင်ကြီးထွားချိန် ကျွေးသော မြေသြဇာမှာများစွာ အရေးပါသည်။

အပွင့်ကြီးမားသိပ်သည်းသော ပန်းပွင့်များဖြစ်ပေါ်စေမှုကို ပန်းပွင့်စတည်(ကြက်ချေးစုချိန်)ချိန်မှာ ကျွေးသော မြေသြဇာမှ အဆုံးအဖြတ် ပေးသည်။

အရောင်အသွေးတောက်ပပြီး ပွင့်ချပ်ပွင့်ဖတ်များ သိပ်သည်းလှပစေရန် ကြက်ချေးစုသည်မှ အဖူးစအာလာ ချိန်တွင် ကျွေးမည့် မြေသြဇာမှာ များစွာ အရေးပါသည်။

ရွက်ဖျန်းအားဆေးများ သုံးပေးမည်ဆိုပါက အပင်ခြေတည်ကာစ အရွက်အကိုင်းဖြစ်ချိန်တွင် အပင်အရပ်ရှည်စေရန်အတွက် ဂျစ်ဘရယ်လစ်အက်စစ်၊ အမိုင်နိုအက်စစ် နှင့် နိုက်ထရိုဂျင်ပါသော အားဆေးများသုံးပေးသင့်သည့်။

ပန်းပွင့်ချိန်များတွင် ပန်းပွင့်ညီညာပြီး မြန်မြန်ပွင့်စေရန်အတွက် ဂိုလ်း၊ တင်ပိုနှင့် ကောမက်အပီဖိုလန် ရွက်ဖျန်းဆေးများသုံးပေးသင့်ပါသည်။

ဂန္ဓမာပန်းသည် နှစ်ရက်ခြားတစ်ခါ ချိုးလေ့ရှိသောကြောင့် အပွင့်အရည်အသွေး ကျမသွားဘဲ ပိုမိုကောင်းလာစေရန် ပန်းတစ်ကြိမ်ချိုးပြီးတိုင်း ကောမက်ပီဖိုလန် ကယ်ဘိုမဂ်စူပါ၊ ကောမက်မိုးကေ ရွက်ဖျန်းဆေးများအသုံးပြုနိုင်ပါသည်။

မြန်မာ့သြဘာ၏ ဂန္ဓမာ ပန်းစိုက်တောင်သူကြီးမျာ အပွင့်ကြီးပြီး အရောင်တောက်ပသည့် ပန်းများစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဈေးကောင်းရကြပါစေ။