မတ်ပဲ အရည်သွေးမြင့်မားစေရန် အရေးပါသောအချက်များ
မတ်ပဲပင်၏ထူးခြားချက်များ
– မတ်ပဲသီးနှံသည် အာဟာရတန်ဖိုးမြင့်မားသော သီးနှံဖြစ်၍ နောက်နှစ်ပေါင်းများစွာ အလေးထားစားသုံးနေရမည့်သီးနှံဖြစ်သည်။
– နိုင်ငံခြားဈေးကွက်ရှိပြီး မြန်မာ့မတ်ပဲ ၇၀ % ကိုအိန္ဒိယကဝယ်ယူလျှက်ရှိပါသည်။
– မတ်ပဲသည်စိုက်ပျိုးရန်လွယ်ကူပြီး ရာသီဥတုကြောင့် ပျက်စီးမှုနည်းသည်။
– အပူဒဏ်ခံနိုင်ရည်ရှိပြီး ဂဝံမြေ၊သောင်နုမြေ ၊သဲဆန်သောမြေများတွင်လည်းစိုက်ပျိုးနိုင်သည်ကိုတွေ့ရှိရပါသည်။
– မတ်ပဲသည် ပင်ထီးဝတ်မှုန်ကူးသည့် အပင်မျိုးဖြစ်သည့်အတွက် မျိုးထွန်းသွားခြင်း၊မျိုးကွဲသွားခြင်း ၊ မျိုးအရည်အသွေးကျဆင်းသွားခြင်းမျိုးမရှိနိုင်ပါ။
မတ်ပဲသီးနှံနှင့်သင့်တော်သောရာသီဥတု
– အပူပိုင်းနှင့်သမပိုင်းရာသီဥတု တွင်ကောင်းစွာဖြစ်ထွန်းသည်။
– အပူချိန် ၂၅-၃၅ ဒီဂရီစင်တီဂရိတ် ကိုပို၍နှစ်သက်သည်။
– မိုးခေါင်ဒဏ်ကိုခံနိုင်ရည်ရှိပြီးမိုးရေချိန် ၃၆ လက်မအောက်ရှိဒေသများတွင်တောင်စိုက်ပျိုးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ၊ဒီဇင်ဘာလများတွင်အများဆုံးစိုက်ပျိုးကြပြီးအိန္ဒိယနိုင်ငံတွင်မူ ဇူလိုင်၊ ဩဂုတ်လများတွင်အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရှိရပါသည်။
မတ်ပဲအတွက်သင့်တော်သော မြေအမျိုးအစား
မြေချဉ်ငံကိန်း (၅.၅-၇)ကြားတွင် စိုက်ပျိုးနိုင်ပါသည်။ဖွယ်သောမြေ၊ ရေဆင်းအားကောင်းသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။မြန်မာနိုင်ငံတွင် မြေစေးများနှင့် နုံးမြေများတွင် စိုက်ပျိုးမှုများသည်။
ဆောင်းသီးနှံအဖြစ်အများဆုံးစိုက်ပျိုးကြပြီးအစိုဓာတ်လုံလောက်ပါက ရေသွင်းရန်မလိုဘဲ၊ ပန်းပွင့်ချိန် ခြောက်သွေ့လွန်းပါက ရေသွင်းပေးနိုင်လျှင် အထွက်နှုန်းပိုကောင်းပါသည်။
မျိုးရွေးချယ်ခြင်းနှင့်မျိုးစေ့နှုန်း
– မျိုးစေ့အရည်အသွေးနှင့်အညောင့်ပေါက်နှုန်းပေါ်မူတည်ပြီး ကြဲခင်းများတွင်(၁)ဧက (၁၀-၁၂)ပြည်နှုန်းနှင့် စိုက်ခင်းများတွင် (၆-၈)ပြည်နှုန်းအသုံးပြုနိုင်ပါသည်။
– မြန်မာပြည်တွင်အများဆုံးစိုက်ပျိုးသောမျိုးများကတော့ ရေဆင်း-၂၊ ရေဆင်း-၄ ၊ပုလဲထွန်း၊ ရေဆင်း-၆ ၊မင်းလှလုံးကြီး၊မိုးညိုလုံးကြီး၊ဟင်္သာတလုံးကြီး နှင့်မင်းလှထွန်းမျိုးများဖြစ်ကြပါသည်။
– ပန်းပွင့်ခြင်းသည်နေ့တစ်နေ့၏ လင်းတာနှင့်အပူချိန်ပေါ်မူတည်ပါသည်။
သို့သော် ရေဆင်း(၄) မျိုးသည် နေ့တစ်နေ့၏လင်းတာနှင့် အပူချိန်အပေါ်တုန့်ပြန်မှုမရှိသဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။
စိုက်နည်းစနစ်များ
စိုက်နည်းစနစ်(၃) မျိုးဖြင့်စိုက်ပျိုးကြပါသည်။
– ရေလိုက်ကြဲစနစ်
– ဓါးခုတ်ဖုံးစနစ်
– ထွန်ယက်စိုက်ပျိုးခြင်း (ထွန်ပဲစနစ်)
မတ်ပဲတွင်ကျရောက်သော ပိုးမွှား၊ရောဂါများ
လှေးပိုး၊ ပွင့်ထွေးပိုး၊ ပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ယင်ဖြူ၊ ခူမွှေးရှည်ကဲ့သို့ဖျက်ပိုးများနှင့်
ဖားဥမှို ၊ အရွက်ဝါ၊ ခါးရိ ရောဂါများ ကျရောက်ဖျက်ဆီးတတ်ပါတယ်။
သီးနှံပင်များအတွက် ဘာကြောင့်အာဟာဓာတ်က အရေးပါတာလဲ
– မည်သည့်သီးနှံပင်မဆို လိုအပ်သော အာဟာရဓာတ်များ မရရှိဘဲ ပြီးပြည့်စုံသော ဘဝစက်ဝန်း တစ်ခု မလည်ပတ်နိုင်ပါ
– မြေဆီလွှာအတွင်းမှ အာဟာရဓာတ်များသည် သီးနှံရိတ်သိမ်းမှု့နှင့်အတူ ကုန်ဆုံးသွားသည်။
– သီးနှံပင် ရှင်သန်ကြီးထွားစဉ်က စုပ်ယူစားသုံးထားသော အာဟာရဓာတ်များသည် ရိတ်သိမ်းမှု့နှင့်အတူ ပါသွားသည်။
– သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရေတိုက်စားခြင်း၊ လေတိုက်စားခြင်း၊သီးလှည့်မစိုက်ပဲ သီးနှံတစ်မျိုးတည်းကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးခြင်း။
မတ်ပဲအတွက် အလိုအပ်ဆုံး အဟာရဓာတ်များ
နိုက်ထရိုဂျင်
– အစောပိုင်းအချိန် အပင်ကြီးထွားမှုကို တည်ငြိမ်စွာဖြစ်ပေါ်စေခြင်း
– အပင်၏ ကြီးထွားခြင်းနှင့် ကိုင်းဖြာထွက်မှု များခြင်း တို့ဖြစ်ပေါ်စေခြင်း
– ချို့တဲ့ပါက အောက်ဆုံးအရွက်ကစ စိမ်းဝါရောင်ဖြစ်
– နောက်ပိုင်း တစ်ပင်လုံး စိမ်းဝါရောင်ဖြစ်
– ကြီးထွားမှု ရပ်တန့်နိုင်သည်။
ဖော့စဖောရပ်
– အစောပိုင်းအချိန် အမြစ်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ခြင်း
– ကောင်းမွန်သော အပင်ကြီးထွားခြင်းနှင့် သီးကိုင်းများများ
– အမြစ်တည်ဆောက်ဖွဲ့စည်းပုံ ကောင်းမွန်ခိုင်မာခြင်း
– ချို့တဲ့ပါက အပင်ကြီးထွားမှု လျှော့ကျ
– အပင်အရောင် ပြောင်းလဲမှုသိပ်မတွေ့ရတတ်ပါ။
ပိုတက်ဆီယမ်
– သီးတောင့်ဖြစ်တည်ပုံ ကောင်းမွန်ခြင်း
– ကောင်းမွန်သော အပွင့်နှင့်အသီးများ ဖြစ်ပေါ်စေခြင်း
– ကျန်းမာသန်စွမ်းသော အပင်များ ဖြစ်ပေါ်စေခြင်း
– ချို့တဲ့ပါက အရွက်ရင့်များ အရွက်အနားများ ဝါ
– ရာဂါဒဏ် ခံနိုင်ရည် နည်းပါးခြင်းများဖြစ်တတ်သည်။
အာဟာရဓါတ်တစ်မျိုး၏လုပ်ဆောင်ချက်ကိုအခြားအာဟာရ ဓါတ်တစ်မျိုးနှင့် အစားမထိုးနိုင်သောကြောင့် အာဟာရဓာတ်လိုအပ်မှုအပေါ်မူတည်၍ မြေသြဇာအဖြစ်အသုံးပြုခြင်း အပင်အပေါ်မှ ရွက်ဖျန်းအားဆေး များအသုံးပြုပေးခြင်းများ လုပ်ဆောင်နေကြသည်။
ပဲသီးနှံများ၏ အမြစ်များတွင်ရှိသော ပဲမြစ်ဖုများအတွင် rhizobium (or) nitrogen-fixing bacteriaလေးများသည် လေထုထဲမှ နိူက်ထရိုဂျင်ဓါတ်ငွေ့ကိုအပင်စားသုံးနိူင်သော နိူက်ထရိုဂျင်ပုံစံပြောင်းပေးပြီး အပင်ကို နိူက်ထရိုဂျင်ဓါတ် ထောက်ပံ့ပေးပါတယ်။
သို့ဖြစ်ပါ၍ ပဲသီးနှံများတွင် နိုက်ထရိုဂျင်ဓာတ်အချိုးနည်းနည်းဖြင့် ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် အချိုးများသော မြေသြဇာများအသုံပြုပေးသင့်ပါတယ်။
မတ်ပဲသီးနှံ အထွက်ကောင်းပြီး အရည်သွေးမြင့်များစေဖို့ မြန်မာ့သြဘာကောမက်ဓာတ်မြေသြဇာမှ ရွှေကောမက်ပဲမျိုးစုံကို သီးနှံလိုအပ်ချက်အရ တစ်ဧကလျှင် ၂၅-၅၀ ကီလိုအဓိ ကောမက်ဂျစ်ဆမ် ၂၅ကီလိုနှင့် ရောစပ်ပြီး မြေခံအဖြစ်အသုံးပြုပေးနိုင်ပါတယ်။
ကောမက်ပဲမျိုးစုံနှင့် ကောမက်ဂျစ်ဆမ်အသုံးပြုပေးခြင်းဖြင့်
– ဖော့စဖိတ်နှင့် ပိုတက်ဆီယမ် ဓာတ်မြင့်မားစွာပါဝင်သောကြောင့် ပဲမျိုးစုံအရည်အသွေးနှင့် အထွက်နှုန်းကောင်းစေခြင်း
– အပင်ကြီးထွားမှုညီညာခြင်း ကိုင်းခွများခြင်း သီးတောင့်များပြီး အစေ့အဆံအောင်မြင်ခြင်းနှင့် အလေးချိန်စီခြင်း
– ကုန်ကျစရိတ်သင့်တင့်မျှတပြီး ပဲမျိုးစုံကို အကောင်းဆုံးအရည်အသွေးနှင့် အမြင့်မားဆုံးအထွက်နှုန်းကို ရရှိစေနိုင်ပါတယ်။
ထို့ကြောင့်မြန်မာ့သြဘာ ကောမက်ဓာတ်မြေသြဇာ၏ တောင်သူကြီးများအနေဖြင့် ပဲသီးနှံ၏ အာဟာရဓာတ်များ အကြောင်း သိရှိပြီး မြေသြဇာ လိုအပ်သည်ထက်ပိုမိုအသုံးပြုခြင်းများမရှိဘဲ မှန်ကန်သော အချိန်မှာ မှန်ကန်သော မြေသြဇာအမျိုးအစား မှန်ကန်သော နှုန်းထားများအသုံးပြုပြီး အမြင့်မားဆုံအထွက်နှုန်းနှင့်အတူ အမြင့်မားဆုံးအထွက်နှုန်းများ ရရှိနိုင်ကြပါစေခင်ဗျာ။
