ကုလားပဲ သီးလုံးဖောက်ပိုး – ကာကွယ်နှိမ်နင်းနည်း (၅)ချက်
ကုလားပဲခင်း အထွက်နှုန်းကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက အဓိက ဖျက်ဆီးနေတဲ့ သီးလုံးဖောက်ပိုး ကာကွယ်နှိမ်နင်းနည်းလမ်းများ တင်ပြပေးလိုက်ပါတယ်
ကုလားပဲ သီးလုံးဖောက်ပိုးအမသည် အရွက်နုလေးများနှင့် ပွင့်ဖတ်များပေါ်တွင် ဥအရေအတွက် ၃၀၀မှ ၃၅၀ ခန့် ဥလေ့ရှိသည်။
ဥမှ အကောင်ပေါက်လာသော လောက်ကောင်လေးများသည် အရွက်များအား စားသောက်ဖျက်ဆီးပြီးနောက် ပွင့်ဖတ်များနှင့် သီးလုံးများပေါ်တွင် ဖျက်ဆီးစားသောက်သည်။
လောက်ကောင် အကောင်ကြီး အဆင့်သည် သီးလုံးပေါ်တွင် သေးငယ်သော အဝိုင်းပုံ အပေါက်များဖောက်၍ ဖျက်ဆီးစားသောက်သည်။
လောက်ကောင်၏ ကိုယ်လုံးတစ်ဝက်သည် သီးလုံး၏ အတွင်းဖက်တွင် ဝင်ရောက်ဖျက်ဆီးနေပြီး တစ်ဝက်မှာ အပြင်ဖက်တွင် ရှိနေသည်ကို တွေ့မြင်နိုင်သည်။
လောက်ကောင်တစ်ကောင်သည် ၎င်း၏သက်တမ်း တစ်လျှောက်တွင် သီးတောင့် ၅၀မှ ၆၀ထိ စားသောက် ဖျက်ဆီးနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
ခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးပါ။
ထယ်ရေးနက်နက်ထိုးပါ။
သီးလှည့်သီးညှပ်စိုက်ပျိုးပါ။
အဖိုဆွဲဆောင်သော ထောင်ချောက် (ဖီရယ်မုန်းထောင်ချောက်) (Pheromone trap) အသုံးပြုပါ။
ပိုးသတ်ဆေးအသုံးပြုမည်ဆိုပါက မြန်မာ့ဩဘာမှ အလန်း၊ ဇိုင်ကလုံး၊ ငှက်ကြီးတောင် အသုံးပြုနိုင်သည်
