သီးနှံပင်များအတွက် ဆာလဖာ (Sulfur) ဘာကြောင့်လိုအပ်သလဲ

ဆာလဖာဟာ သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။နိုက်ထရိုဂျင်နဲ့အတူ အပင်ကြီးထွားမှု၊ အရွက်စိမ်းလန်းမှုနဲ့ အထွက်နှုန်းကောင်းမွန်ရေးအတွက် အရေးကြီးပါတယ်။

ဆာလဖာရဲ့ အကျိုးကျေးဇူးများ

• ပရိုတင်းဖွဲ့စည်းမှုကို ကူညီပေးခြင်း
• အရွက်နှင့် အပင်ကြီးထွားမှု ပိုမိုကောင်းမွန်စေခြင်း
• အရွက်အစိမ်းရောင်ဖြစ်စေသော ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အထောက်အကူပြုခြင်း
• ပန်းပွင့်ခြင်း၊ အသီးတင်ခြင်းနှင့် အစေ့အဆန်ပြည့်ဝမှုကို ကောင်းမွန်စေခြင်း
• ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုကို တိုးတက်စေခြင်း
• ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်ညင်းနှင့် ပဲမျိုးစုံတို့၏ အရသာနှင့် အရည်အသွေးကို မြှင့်တင်ပေးခြင်း တို့ဖြစ်ပါတယ်

ဆာလဖာချို့တဲ့လျှင် တွေ့ရနိုင်သော လက္ခဏာများ


ဆာလဖာချို့တဲ့ပါက အပင်ငယ်၏ အရွက်နုများတွင် အဝါရောင်ပြောင်းခြင်း၊

အပင်ကြီးထွားမှုနှေးခြင်း၊

ပင်စည်‌ ပျော့ခြင်းနှင့်

ပန်းပွင့်၊ အသီးတင်မှုလျော့နည်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

နိုက်ထရိုဂျင်ချို့တဲ့မှုနှင့် ဆင်တူသော်လည်း ဆာလဖာချို့တဲ့မှုမှာ အရွက်ငယ်များက စတင်အဝါရောင်ပြောင်းတတ်ပါတယ်။



ဆာလဖာရရှိနိုင်သော နည်းလမ်းများ


မြေဆီလွှာစမ်းသပ်ပြီး လိုအပ်ချက်အလိုက် ဆာလဖာပါဝင်သော မြေဩဇာများ၊ ဂျစ်ပဆမ် (Gypsum)၊ အမိုနီယမ်ဆာလဖိတ် (Ammonium Sulfate) သို့မဟုတ် ဆာလဖာပါဝင်သည့် NPK မြေဩဇာများကို အသုံးပြုနိုင်ပါကြောင်း ဗဟုသုတရဖွယ် တင်ပြလိုက်ရပါသည်

 

Relate Products

ဆက်စပ် ထုတ်ကုန်များ