ဟင်းဂလာဝါ (Asian spider flower)

Scientific name – Cleome viscosa L.

Common name -Asian spider flower

Family – Capparaceae

အပင်ပုံသဏ္ဌာန်

အနံ့ရှိသည့် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး ထောင်မတ်လျက်ပေါက်သည်။

အပင်အမြင့်မှာ ၁၆၀ စင်တီမီတာထိ ရှိသည်။

ပင်စည်လုံးသည်။ စေးကပ်သောအမွေးများပါရှိသည်။

အရွက်သည် လက်ဝါးပုံ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။

ရွက်မြွှာ ၃ – ၅ ခု ပါသည်။ ထိပ်ဖျားရှိ ရွက်မြွှာသည် အကြီးဆုံး ဖြစ်သည်။

ထိပ်ဖျားဝိုင်းပြီး အရင်းပိုင်းမှာ သွယ်သွားသည်။ ကြားထွက်ထီးတည်းပန်းခိုင် ဖြစ်သည်။

ပွင့်ချပ်မှာအဝါရောင်ဖြစ်ပြီး ပွင့်ဖတ်သည် အလျားရှည်သော လှံသွားပုံရှိသည်။

အသီးသည် ထုလုံးရှည် ပုံရှိပြီး စေးကပ်သောအမွေးများပါရှိသည်။

အစေ့များစွာပါပြီး အစေ့သည်အညိုရင့်ရောင်ရှိပြီး ကန့်လန့် ဖြတ်စောင်းများပါသည်။ အစေ့အားဖြင့် မျိုးပွားသည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ။