မျှစ်ချို ( Spreading dayflower)
Scientific name – Commelina diffusa Burm. f.
Common name – Spreading dayflower
Family – Commelinaceae
အပင်ပုံသဏ္ဌာန်
တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်ပြီး ကြွပ်ဆတ်သည်။
၁၀၀ စင်တီမီတာ အထိမြင့် သည်။ ပင်စည်သည် တုတ်ခိုင်၍ပျော့ပြီး ကိုင်းများစွာဖြာထွက်သည်။
တွားသွား၍ သော်လည်းကောင်း၊ ထောင်မတ်၍သော်လည်းကောင်းပေါက်သည်။
အရွက်ထွက်ပုံမှာ ရွက်လွှဲဖြစ်ပြီး ကျယ်ပြန့်သော လှံသွားပုံရှိသည်။
ရွက်နားချောသည်။ ထိပ်ထွက် သို့မဟုတ် ကြားထွက်ပန်းခိုင်ဖြစ်ပြီး အပြာရောင် ပွင့်ချပ်သုံးခုပါရှိသည်။
နှစ်ခုသည် ကျန်တစ်ခုထက် အရွယ်ပိုကြီးသည်။
အသီးတွင် အခန်းသုံးခန်းပါရှိပြီး အစေ့ ၅ စေ့ပါသည်။
အစေ့သည် အညိုရင့်ရောင်ရှိပြီး အစေ့မျက်နှာပြင်တွင် အကြောများသည် ခိုက်ကွန်သဖွယ် ယှက်နေပြီး တစ်ဖက်တွင် ကျောရိုးစင်းပါသည်။
အစေ့အားဖြင့်သော်လည်းကောင်း၊ ပင်ပိုင်းအားဖြင့်သော်လည်းကောင်း မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
ခြောက်သွေ့သော ယာခင်းများ၊ နှစ်ရှည်သီးနှံခင်းများ။
