ကောက်ရိုးနွယ်/ မက်ဆီပက်ပေါင်း ( Bindweed )
Scientific name – Convolvulus arvensis L.
Common name – ကောက်ရိုးနွယ်/ မက်ဆီပက်ပေါင်း ( Bindweed )
Family – Convolvulaceae
အပင်ပုံသဏ္ဌာန်
နှစ်ရှည်ခံပင်ဖြစ်၍ အမြစ်များစွာဖြာထွက်သည်။
အမြစ်သည် မြေကြီးအောက်နက်ရှိုင်း၊ ဆင်းသည်။
အပင်မှာတွားသွားပြီး ထူထပ်သိပ်သည်းလျက် အပြင်လိုက်ပေါက်သည်။
မှီခိုစရာ အဖ ရှိပါက နာရီလက်တံပြောင်းပြန်ရစ်ပတ်နွယ်တတ်သည်။
ပင်စည်သည် သေးသွယ်ပြီး ၅၀ စင်တီမီ အထိရှည်သည်။
ရွက်လွှဲထွက်ပြီး ရွက်ရိုးတံပါရှိသည်။
အရွက်အခြေတွင် လှံသွားပုံ၊ ဥဖျားသွယ် ရှည်မျောမျောပုံနှင့် မြားပုံရှိပြီး ဝိုင်းသော သို့မဟုတ် ချွန်သောအဝိုက်နှစ်ခုရှိသည်။
ပွင့်ချပ်သည် ပန်းရော သို့မဟုတ် အဖြူရောင်ရှိသည်။
အသီးတောင့်သည် အက်ကွဲသီးဖြစ်ပြီး လုံးဝန်းသည့်ပုံမှ ဥဖျားသွယ် ရှိသည်။
အသီးတောင့်တစ်တောင့်တွင် အစေ့ ၄ စေ့ပါသည်။
အစေ့သည် အညိုရင့်ရောင် မှ အနက်ရေ ရှိ၍ မျက်နှာပြင်တွင် အဖုများကြောင့်ကြမ်းသည်။
အစေ့အားဖြင့်သော် လည်းကောင်း၊ မြေအေား ပင်စည်အားဖြင့်သော်လည်းကောင်း မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
ဂျုံ၊ အခြားယာသီးနှံအချို့။
