ဘိစပ် ( Marsh para cress)
Scientific name – Acmella uliginosa (Sw.) Cass.
Common name – ဘိစပ် ( Marsh para cress)
Family – Asteraceae
အပင်ပုံသဏ္ဌာန်
တွားသွားသော တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး မြေတွင်ပြန့်ကျဲလျက် ပေါက်သည်။
အဆစ်မျာ အမြစ်ထွက်သည်။ ပင်စည်သည် ၁၀ – ၅၀ စင်တီမီတာမြင့်ပြီး ပျော့ပျောင်း၍ အရည်ရွှမ်းသည်။
အရွက် ထွက်သည်။
ဘဲဥပုံရှိ၍ ထိပ်ပိုင်းအနည်းငယ်ချွန်သည်။
အောက်ပိုင်းအရွက်ရှိ ရွက်ညှာသည်အနည်းငယ်ပါ၍ တိုသောကြောင့် ရွက်ပြားမှာ ပင်စည်နှင့်ဆက်လုနီးရှိသည်။
အပေါ်ပိုင်းအရွက်သ ချည်ပြီး ရွက်ညှာပါသည်။
တွယ်တက်တတ်သော ပန်းခိုင်ရိုးတံပေါ်တွင် အဝါရောင်ရှိသော လျှာပုံနှင့် ပန်းပွင့်များပွင့်သည်။
ပန်းခိုင်သည် ကြားထွက်ပန်းခိုင်ဖြစ်သည်။ အစေ့အားဖြင့် မျိုးပွား သည်။
ပေါက်ရောက်တတ်သော သီးနှံများ
စပါး၊ ကြံ။
