ခရာဆူး ( Mexican poppy)

ခရာဆူး ( Mexican poppy)
ခရာဆူး ( Mexican poppy)

Scientific name – Argemone mexicana L.

Common name – Mexican poppy

Family – Papaveraceae

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။

ပင်စည်ထောင်မတ်ပြီး ၁၅၀ စင်တီမီတာထိ မြင့်သည်။

ကိုင်းဖြာ ၍ ဆူးများပါရှိသည်။

စိမ်းပြာနုရောင်ရှိသည်။

ပင်စည်ကိုဖြတ်ပါက အနံ့ဆိုးသည့် အဝါရောင် သစ်ရည် ထွက်သည်။

ရွက်လွှဲထွက်၍ အဟိုက်နက်သည်။

ရွက်နားတွင် ပုံမမှန်သော အသွားကြီးများရှိ၍ ဆူးများပါရှိသည်။

မီးခိုးရောင်ရှိသော ရွက်ကြောများကို အရွက်မျက်နှာပြင်အပေါ်ပိုင်းတွင် တွေ့ရသည်။

ပန်းပွင့်သည် ထီးတည်းဖြစ်ပြီး ပွင့်ခံရွက် ၁ – ၂ ခုရှိသည်။

ပွင့်ဖတ်သုံးခုရှိပြီး အဝါရောင်ပွင့်ချပ် ၄ – ၆ ခု ရှိသည်။

အသီးသည် အက်ကွဲသီးဖြစ်ပြီး ဆူးများစွာပါရှိသည်။

အစေ့မြောက်များစွာရှိသည်။ အစေ့သည် အချင်း၁ မီလီမီတာအညိုနက်ရောင်ရှိ၍ လုံးဝိုင်းသည်။

အစေ့အားဖြင့် မျိုးပွားသည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ။