ဟင်းနုနွယ်ဆူးပေါက်(Spiny amaranth)

 

ဟင်းနုနွယ်ဆူးပေါက်(Spiny amaranth)
ဟင်းနုနွယ်ဆူးပေါက်(Spiny amaranth)

Scientific name – Amaranthus spinosus L.

Common name – Spiny amaranth

Family – Amaranthaceae

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။ ၀.၃ မှ ၂ မီတာ အထိမြင့်သည်။ ပင်စည်သည် ပြောင်ချောနေ ခြင်း သို့မဟုတ် တစ်ခါတစ်ရံ နီးစပ်ရာသို့ နွယ်တတ်ခြင်း၊ ကိုင်းများစွာဖြာပြီး ချုံပုတ်ပုံ တွေ့ရသည်။ ခြင်း သို့မဟုတ် ပင်စည်နှင့်ကိုင်းဖျားများတွင် အမွေးကျဲကျဲတွေ့ရသည်။ ပင်စည်သည် ထောင်မတ်နေ ရွက်ရိုးတံ၏ အခြေတွင် ချွန်ထက်သော ဆူးချွန်များပါရှိသည်။ ရွက်ကြောများသည် ချိုင့်ဝင်လျက်ရှိပြီး အောက်မျက်နှာပြင်တွင် ရွက်ကြောစင်းများ ထင်ရှားသည်။ ဥဖျားသွယ်ပုံ သို့မဟုတ် ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ ပန်းပွင့်သည်အစိမ်းဖျော့ရောင်တွင် မရမ်းဖျော့ရောင် သန်းသည်။ အစေ့သည် အနက် ရောင်ရှိပြီး အနည်းငယ်လုံးဝန်းပြီး ချောမွေ့တောက်ပြောင်သည်။ အစေ့ငုပ်ခြင်း အမျိုးမျိုးတွေ့ရသည် အစေ့အားဖြင့် မျိုးပွားသည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ၊ နှစ်ရှည်သီးနှံစိုက်ခင်းများ၊ စားကျက်ခင်းများ။