ပုဇွန်စာ(Sessile joyweed)

Scientific name – Alternanthera sessilis (L.) R. Br. ex DC
Common name – ပုဇွန်စာ(Sessile joyweed)
Family – Amaranthaceae
အပင်ပုံသဏ္ဌာန်
တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်ပျော့ဖြစ်ပြီး မြေတွင်ကပ်ပေါက်သည်
သို့မဟုတ် အနည်းငယ ထောင်မတ်၍ ပေါက်သည်။ ပင်စည်မှ ကိုင်းများစွာ ဖြာထွက်ပြီး ၀.၂ – ၁ မီတာ ရှည်သည်။
တစ်ခါ တစ် မြေနှင့်ထိကပ်နေသည့်ကိုင်းများမှ အဖြစ်ထွက်သည်။
အရွက်သည် ရွက်ဆိုင်ထွက်သည်။
အရွက် မျိုးစုံရှိပြီး ကျယ်ပြန့်သော လှံသွားပုံ သို့မဟုတ် သေးသွယ်သည်။
ပန်းခိုင်သည် ကြားထွက် ဖြစ် အဖြူရောင် ပန်းပွင့်များစွာဖြင့် ပြွတ်သိပ်စွာ ဖွဲ့စည်းထားသည်။
စပါးခွံသဏ္ဌာန် ပွင့်ချပ်ပါသ အစေ့သည် အညိုရင့်ရောင်မှ အနက်ရောင်ရှိပြီး အဝိုင်းပြားပုံဖြစ်ကာ တောက်ပသည်။
အစေ့အား” လည်းကောင်း မြေနှင့်ထိကပ်နေသည့် ပင်စည်အားဖြင့် လည်းကောင်း မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
ယာသီးနှံခင်းများ၊ စားကျက်ခင်းများ။
