ဂွဆူး (ခ) ဂျာမနီဆူး ( Bristly starbur )

ဂွဆူး (ခ) ဂျာမနီဆူး ( Bristly starbur )
ဂွဆူး (ခ) ဂျာမနီဆူး ( Bristly starbur )

သိပ္ပံအမည် – Acanthospermum hispidum DC.

Common name – ဂွဆူး (ခ) ဂျာမနီဆူး ( Bristly starbur )

Family – Asteraceae

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး ထောင်မတ်လျက်ပေါက်ပြီး ၉ဝ စင်တီမီတာအထိ မြင့်သည်

ပင်စည်သည် လုံးဝန်း၍ အဖြူရောင်အမွေးမာများ ပါရှိသည်။

အရွက်အရင်းပိုင်းသည် တြိဂံ သို့မဟုတ် သပ်ပုံသဏ္ဌာန် ရှိပြီး ထိပ်ဖျားချွန်သည်။

ရွက်ညှာကင်းမဲ့သည်။

ရွက်နားတစ်လျှောက် မညီညာ အသွားများပါရှိသည်။

 

မျက်နှာပြင်နှစ်ဖက်စလုံးတွင် အမွေးများရှိသည်။ ပန်းခိုင်သည် ပန်းပွင့်တစ် တည်းသာပါသော ကြားထွက်ပန်းခိုင်ဖြစ်သည်။

ပန်းပွင့်မှာ စိမ်းဝါဖျော့ရောင်ဖြစ်သည်။

အသီးတွင် သပ်ပုံစံ  တစ်စေ့သီးများ စုပေါင်း၍ ကြယ်ပုံစံသီးခိုင်များဖြစ်သည်။

အစေ့အားဖြင့် မျိုးပွားသည်။

 

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ၊ စားကျက်ခင်း၊ လမ်းဘေးမြေလွတ်မြေရိုင်းများ။