ဆေးကွမ်းအစ် (ခ) ဗောက်ခွေး(Country mallow)

သိပ္ပံအမည် – Abutilon indicum (L.) Sweet
Common name – Country mallow
Family – Malvacea
အပင်ပုံသဏ္ဌာန်
နှစ်ရှည်ခံပင်မာမျိုး ဖြစ်သည်။
ပင်စည်တုတ်ခိုင်ပြီး များစွာကိုင်းဖြာသည်။
ကတ္တီပါကဲ့သို့ အမွေး များပါရှိသည်။
ပင်စည်လုံးဝန်းပြီး ခရမ်းရောင်သန်း၍ ၂.၅ မီတာထိမြင့်သည်။
အရွက်သည် နှလုံးပုံရှိ၍ ရွေက်အောက်မျက်နှာပြင်သည် စိမ်းဖြူရောင်ရှိသည်။
ရွက်ကြောများထင်ရှားပြီး ရွက်နား တစ်လျှောက် တွင် မညီညာသော အသွားများပါရှိသည်။
ပန်းပွင့်သည် အဝါရောင်ရှိပြီး တစ်ပွင့်ထီးတည်း ဖြစ်သည်။
ပွင့်ဖတ်နှင့် ပွင့်ချပ်ငါးခုစီ ပါရှိပြီး တစ်ခုနှင့်တစ်ခု ထပ်နေသည်။
သုံးထောင့်ပါ ဘဲဥပုံဖြစ်ပြီး ညနေပိုင်းတွင်သာ ပန်းပွင့်သည်။
အသီးမှာ အက်ကွဲသီးဖြစ်ပြီး ကြယ်ပုံအမွေးရှည်များ ထူထပ်စွာပါရှိ၍ နှုတ်သီးပါသည်။
အသီးမှာလုံးဝန်း၍ ထိပ်ပြားသည်။ အစေ့သည်အညိုရင့် သို့မဟုတ် အနက်ရောင် ရှိသည်။ အစေ့အားဖြင့်မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
စပါး၊ ကြံ
