စပါးသီးနှံသက်တမ်းအလိုက် လိုအပ်သော အာဟာရဓာတ်များ

စပါးသည် ရေ၊ မြေ၊ သဘာဝရာသီဥတု အများစုတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ စပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ရေးသည် မိမိထည့်သွင်းလိုက်သော မြေဩဇာနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးမြေမှ စပါးပင်က လိုသလောက် အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောကြောင့်ပင်။စပါးပင် လိုအပ်သောအချိန်တွင် သင့်လျော်သောအာဟာရဓာတ်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိပါက အကျိုးအာနိသင် အပြည့်အဝ မရရှိနိုင်ပေ။
( ဥပမာ- စပါးပင်ပွားချိန်တွင် လိုအပ်သော အာဟာရဓာတ်ကို ပင်ပွားချိန်ထက်နောက်ကျပြီး ကျွေးမိပါက စပါးအနှံထွက်ချိန် အနှံမထွက်နိုင်ဘဲ ပေါင်းပင်သာသာ ဖြစ်သွားပေလိမ့်မည်)
သို့ဖြစ်ပါ၍ စပါးပင်မှ လိုအပ်သည့်အာဟာရဓာတ်အတွက် သင့်တော်သည့် မြေသြဇာကို လိုအပ်သည့်အချိန်တွင် မှန်ကန်သောနှုန်းထားဖြင့် ထည့်သွင်းပေးခြင်းဖြင့် မျှော်မှန်းအထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်ပါသည်။

မြေခံ

  • စပါးသီးနှံစိုက်ပျိုးရာမှာ မြေခံအနေဖြင့် ဖော့စဖရပ်၊ ပိုတက်ဆီယမ် နှင့် ဇင့်ဓာတ်တို့ လိုအပ်ပါသည်။
  • ဖော့စပရပ်ဓာတ်က စပါးပင် အမြစ်များမြန်မြန်ဖွံ့ဖြိုးစေပြီး စိုက်ပြီးအစောပိုင်းအဆင့်မှာ အပင်တည်မြဲစေသလို စပါး ပင်ပွားထွက်ချိန်အတွက် အခြေခံကောင်းစေမှာ ဖြစ်ပါသည်။
  • ပိုတက်ဆီယမ်ကတော့ သီးနှံပင်တွေအတွက် ရေဓာတ်ထိန်းညှိမှုနဲ့ ရာသီဥတု( stress) ဒဏ်ခံနိုင်ရည်တိုးစေပါသည်
  • ဇင့်ဓာတ်ဟာ စပါးပင် အစောပိုင်းကြီးထွားမှုကာလအတွက် အရေးကြီးသော အာဟာရဓာတ် ဖြစ်ပါသည်
  • pH မြင့်တဲ့မြေတွေ၊ ထုံးဓာတ်ပါဝင်မှု များတဲ့မြေတွေမှာ Zn ချို့တဲ့နိုင်ခြေ ပိုများတဲ့အတွက် ထည့်သွင်းပေးဖို့ လိုအပ်ပါသည်။

ပင်ပွားထွက်ချိန်

စပါးစိုက်ပျိုးပြီး ရက်ပေါင်း (၂၀ – ၄၅) ရက်ဝန်းကျင်တွင် စပါးပင်များ ပင်ပွားစုံစွာထွက်ရှိရန်နှင့် အမြစ်စနစ်ကောင်းမွန်စေရန် အဓိက လိုအပ်ပါသည်။
• အပင်ကြီးထွားမှုကို အားပေးပြီး ပင်ပွားများများထွက်စေရန်နှင့် အရွက်စိမ်းစိုစေရန် နိုက်ထရိုဂျင်ဓာတ်နှင့်
• အမြစ်ဖွံ့ဖြိုးမှုကို အားပေးပြီး ပင်ပွားကောင်းမွန်စွာ ထွက်လာစေရန် ကူညီပေးသော ဖော့စပရပ်ဓာတ်ကို လိုအပ်သည်
• အပင်စိမ်းလန်းမှုကို အားပေးသော ဇင့်နှင့်ဆာလဖာဓာတ်လည်း အနည်းငယ်လိုအပ်ပါသည်

စပါးမှို့ကပ်ချိန်

စိုက်ပျိုးပြီး ရက်ပေါင်း (၄၅ – ၈၀) ရက်ဝန်းကျင်ဖြစ်ပြီး အနှံဖြစ်ပေါ်လာရန်အတွက် အလွန်အရေးကြီးသော အဆင့်ဖြစ်ပါသည်။
• ပင်စည်၏ အရွယ်အစားနှင့် အလေးချိန်ကို ထောက်ပံ့ပေးမည့် နိုက်ထရိုဂျင်နှင့်
• ပင်စည်ကြံ့ခိုင်စေရန်၊ ရောဂါနှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် အပင်ယိုင်လဲခြင်းမှ ကာကွယ်ပေးမည့် ပိုတက်ဆီယမ်လိုအပ်သည်။
အကြံပြုချက်:စပါးအတွက် မြေဩဇာ အာဟာရဓာတ်များ ကျွေးရာတွင် မိမိစိုက်ပျိုးသော စပါးမျိုး၊ ဒေသအလိုက် ရာသီဥတုအခြေအနေပေါ် မူတည်၍ ဓာတ်မြေဩဇာကို အချိုးကျကျ (အထူးသဖြင့် မြေခံ၊ပင်ပွားချိန်၊မှို့ကပ်ချိန်တို့၌ အကြိမ်ရေခွဲ၍) ထည့်သွင်းပေးခြင်းက အကောင်းဆုံး အထွက်နှုန်းကို ရရှိစေနိုင်မှာ ဖြစ်ပါသည်။ အများလိုအာဟာရဓာတ်များအပြင် အနည်းလိုအာဟာရဓာတ်များလိုအပ်ပါက ရွက်ဖျန်းအားဆေးများဖျန်းပေးရမည်ဖြစ်ပါသည်။
စပါးတွင် မြေဩဇာကျွေးခြင်းနှင့် ပတ်သတ်ပြီး သိလိုသည်များရှိပါက Myanma awba- Comet Fertilizer တွင် လာရောက် မေးမြန်းနိုင်ပါသည်။