မြက်သီး၊ မြက်ချို (Barnyard Grass)

မြက်သီး၊ မြက်ချို (Barnyard Grass)

သိပ္ပံအမည် –  Echinochloa crus-galli( L )P.Beauv

Common name – မြက်သီး၊ မြက်ချို (Barnyard Grass)

Family – Poaceae



လယ်စပါးခင်းတွေမှာ အတွေ့ရများပြီး တစ်နှစ်ခံပင် အမျိူးအစားဖြစ်ပါသည်။

ငယ်စဉ်က စပါးနဲ့ တူ၍ မျိူးစေ့ ၄၀၀၀၀ ခန့်ထုတ်နိုင်သည်။

စပါးနှင့်ရောနှောပြီး စပါးအရည်အသွေးကို လျော့ကျစေပါသည်။


ပင်စည်မှာ လုံးဝန်းထောင်မတ်ပြီး အရွက်သေးသွယ် ရှည်လျားကာ ထိပ်ဖျားချွန်ပါသည်။

ပန်းခိုင်မှာ ကိုင်းဖြာပန်းခိုင် အမျိုးအစားဖြစ်ပြီး အနှံငိုက်ပါသည်။

အစိမ်းရောင် တစ်ခါတစ်ရံ ခရမ်းရောင် အဖြစ် တွေ့ရပါသည်။

ထပ်ဆင့်ပန်းခိုင် မြောက်မြားစွာပါရှိပြီး အမြှီးရှိပါက အနီ (သို့) ခရမ်းရောင်ရှိပါသည်။

ခွံစပ်တစ်စေ့သီးဖြစ်ပြီး ဥပုံ သို့မဟုတ် အလျားရှည်တဲ့ ဒေါက်မှန်ပုံတွေ့ရပြီး အညိုရင့်ရောင်ရှိပါသည်။

အစေ့အားဖြင့် မျိုးပွားပါသည်။