လက်သည်းခွမြက်(Southern crabgrass)

သိပ္ပံအမည် – Digitaria Ciliaris (Retz.) Koeler
Common name – လက်သည်းခွမြက်(Southern crabgrass)
Family – Poaceae
ယာသီးနှံခင်းများ၊ နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ပေါက်ရောက်သည်။
တစ်နှစ်ခံပင်မျိုးဖြစ်ပြီး မြေ၌ပြန့်ကျဲစွာပေါက်သည်။
ပင်စည်သည် ချောမွေ့ပြီး အောက်ခြေပိုင်း မြေမျက်နှာပြင်နှင့် ကပ်လျက်ပေါက်၍ အဖျားပိုင်းသည် အပေါ်သို့ထောင်မတ်ပြီး ၁ မီတာအမြင့်ထိကြသည်။
အရွက်သည်ရွက်လွှဲထွက်ပြီး ရှည်မျောမျော လှံသွားပုံရှိသည်။
ရွက်လယ်ကျောဖြူ၍ အပေါ်မျက်နှာပြင်တွင် အမွေးကြဲကြဲပေါက်သည်။
ရွက်ပြားသည် အစိမ်းရောင်မှ ခရမ်းရောင်ရှိပြီး နှစ်ဖက်စလုံးတွင် ပိုးသားကဲ့သို့ တောက်ပသော အမွေးများပါသည်။
ပန်းခိုင်သည် လက်ချောင်းနှင့်လည်းတူသည့်အပြင် ပွင့်ညှာမဲ့ပန်းခိုင်နှင့်လည်းတူသော ပွင့်ညှာရှိပန်းခိုင် ဖြစ်သည်။
ထပ်ဆင့်ပန်းခိုင်များသည် ပြောင်ချောပြီး အစိမ်းဖျော့ရောင် သို့မဟုတ် အညိုဖျော့ရောင် ရှိသည်။
အစေ့အမြောက်အမြား ထုတ်လုပ်နိုင်သည်။
အစေ့အားဖြင့်လည်းကောင်း၊ ပင်ပိုင်းအားဖြင့် လည်းကောင်း မျိုးပွားသည်။
