မြေဇာမြက် ( Bermuda grass)
သိပ္ပံအမည် – Cynodon dactylon ( L ) Pers.
Common name – မြေဇာမြက် ( Bermuda grass)
Family – Poaceae

နှစ်ရှည်ခံ ပေါင်းပင်မျိူးဖြစ်ပြီး မြေလျောက်ပင်စည်များ၊ ဆစ်ကြားနှင့် အစေ့မှ မျိုးပွားသည်။
ပင်စည်အစိတ်အပိုင်းများမှ မျိူးပွားနိုင်သဖြင့် နှိုမ်နင်းရခက်ခဲသည်။
ပင်စည်သည် အဖြူ၊အစိမ်းနှင့်ခ ရမ်းရောင်ရှိတတ်သည်။
အမြစ်သည် ၂မီတာအထိ ကြီးထွားနိုင်သည်။
သီးနှံအထွက်နှုန်းကို ၂၅%မှ ၈၀% အထိ လျော့ကျစေသည်။
အညွန့်နှင့်အမြစ်များသည် ဆစ်ကြားမှထွက်သည်။
ခွံစပ်တစ်စေ့သီးဖြစ်ပြီး တောက်ပသော အညိုရောင်ရှိသည်။
