သမန်းမြက်(Southern Cut grass)

သိပ္ပံအမည် – Leersia hexandra Swartz
Common name – Southern Cut grass
Family – Poaceae
နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး မညီမညာ ပြန့်ကြဲလျက် ပေါက်ရောက်လေ့ရှိပါတယ်။
ရေထဲတွင် ပေါက်သည့် အပင်မျိုးဖြစ်ပြီး မြေအောက်ပင်စည်မှာ ရှည်လျားသည်။
ပင်စည်လုံးဝန်း၍ အောက်ခြေပိုင်းမှ ကိုင်းဖြာသည်။
အရွက်သည် လှံသွားပုံရှိပြီး အဆစ်တွင် အမွေးကြမ်းများရှိပါသည်။
ရွက်လယ်ကြော ဆူးပါပြီး ရွက်နားသည် ဓားသွားကဲ့သို့ ထက်ရှသည်။
ထိပ်ထွက်ကိုင်းဖြာပန်းခိုင်ဖြစ်ပြီး ခရမ်းရောင်ဖြစ်သည်။
ပန်းခိုင်များသည် မူလပန်းခိုင်၏ တစ်ဖက်တစ်ချက်ဆီမှ တလှည့်စီထွက်သည်။
အစေ့ထက် ပင်စည်မှ ပိုမျိုးပွားသည်။
လယ်စပါးခင်းနှင့် နှစ်ရှည်သီးနှံများတွင် အများဆုံးတွေ့ရသည်
