လေးခွမြက် ( Crowfoot grass)

သိပ္ပံအမည် – Dactyloctenium aegyptium ( L ) Wild.
Common name – Crowfoot grass
Family – Poaceae
ယာသီးနှံခင်းများ၊ နှစ်ရှည်သီးနှံခင်းများ၊ ဟင်းသီးဟင်းရွက်ခင်းများတွင် အများဆုံးတွေ့ရသည်။
တစ်နှစ်ခံပင်မျိုးဖြစ်ပြီး တစ်နေရာတည်းမှ ပြန့်ကားစွာပေါက်သည်။ အောက်ခြေအဆစ်များမှ အမြစ်များထွက်သည်။
အရွက်မျက်နှာပြင် နှစ်ဖက်စလုံးနှင့် အထူးသဖြင့် ရွက်နားတွင် အမွေးရှိပြီ ကျယ်ပြန့်ရှည်လျားသည်။
ငှက်ခြေထောက်ပုံရှိ ပန်းခိုင်သည် သိသာသော လက္ခဏာဖြစ်ပြီး ၅၀ စင်တီမီတာထိ ရှည်သည်။
စိမ်းဝါရောင်ရှိသော ပန်းခိုင်၏ထိပ်တွင် ပြန့်ကားနေသော ထပ်ဆင့်ပန်းခိုင် ၄ ခုမှ၈ခုအထိ တွေ့ရသည်။
ထပ်ဆင့်ပန်းခိုင် တစ်ခုစီသည် ပွင့်ကိုင်းအောက်မှ ထောင့်မှန်ကျ၍ ထူထပ်သိပ်သည်းစွာ ထွက်ပြီး အတန်းနှစ်တန်းဖြစ်ပေါ်လျက်ရှိသည်။
အစေ့နှင့် ပင်ပိုင်း အားဖြင့်မျိုးပွားသည်။
